လူထုလှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေအားကြိုးမာန်တက်ပါဝင်တဲ့ ပိုင်တံခွန်ကို ဘေးကင်းပါစေလို့ ဆုတောင်းပေးလိုက်တဲ့ ပိုပို

//s9.kh1.co/e3/e3ff9625f48a5b5715865e5add9b26e605f22cb3.jpeg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

လူထုလှုပ်ရှားမှုတွေမှာ ရှေ့ဆုံးကနေအားကြိုးမာန်တက်ပါဝင်တဲ့ ပိုင်တံခွန်ကို ဘေးကင်းပါစေလို့ ဆုတောင်းပေးလိုက်တဲ့ ပိုပို

အဆိုတော်ပိုပိုကတော့ လက်ရှိအခြေအနေတွေမှာဆိုရင် ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပြီး တစ်ဖက်တစ်လမ်းကနေ ပါဝင်အားဖြည့်နေတာဖြစ်ပါတယ်။ပိုပိုက နေ့ခင်းဘက်တွေဆို လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာပါဝင်သလို ညဘက်ဆိုလည်း ရပ်ကွက်လုံခြုံရေးအတွက် ကင်းစောင့်ပေးတာဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာ ကျဆုံးသွားတဲ့ပြည်သူတွေအတွက်လည်း ပိုပိုက တတ်နိုင်သလောက်လှူဒါန်းနေတာဖြစ်ပါတယ်။ပိုပိုတို့အနုပညာရှင်တွေကတော့ ပြည်သူလူထုနဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိပြီး အမှန်တရားအတွက် ရင်ဆိုင်နေကြတာဖြစ်ပါတယ်။

Photo Credit:ဝတ်ရည်မိုး Facebook Acc
Photo Credit:ဝတ်ရည်မိုး Facebook Acc
Photo Credit:ဝတ်ရည်မိုး Facebook Acc
Photo Credit:ဝတ်ရည်မိုး Facebook Acc
Photo Credit:ဝတ်ရည်မိုး Facebook Acc
Photo Credit:ဝတ်ရည်မိုး Facebook Acc

အခုလိုအချိန်မျိုးမှာ အနုပညာရှင်တွေကလည်း ပြည်သူတွေဘက်ကနေ ပြတ်ပြတ်သားသားရပ်တည်နေတာဖြစ်လို့ပြည်သူလူထုက ပိုပြီးအားတက်နေကြတာဖြစ်ပါတယ်။အနုပညာရှင်တွေက တစ်နိုင်ငံလုံးသိကြတဲ့သူတွေဖြစ်တာကြောင့် လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်ရင်း မိမိရဲ့လုံခြုံရေးကိုပါ အထူးဂရုစိုက်နေရတာဖြစ်ပါတယ်။ပိုင်တံခွန်ကလည်း လတ်တလောမှာဆိုရင် သူ့ရဲ့လုံခြုံရေးကိုဂရုစိုက်နေရလို့ ခဏရှောင်တိမ်းနေရတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ပိုင်တံခွန်ဘေးကင်းဖို့အတွက် ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။ပြည်သူလူထုကလည်း ဒီနေ့အချိန်ထိတိုင်အောင် စိတ်ဓာတ်အားမာန်အပြည့်နဲ့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။

Photo Credit:Paing Takhon’s Facebook Acc 
Photo Credit:Paing Takhon’s Facebook Acc 
Photo Credit:Paing Takhon’s Facebook Acc 
Photo Credit:Paing Takhon’s Facebook Acc 

လက်ရှိမှာဆိုရင် ပိုင်တံခွန်က လူငယ်ပီပီ အရမ်းရဲရင့်တာကြောင့် ပြည်သူလူထုနဲ့အနုပညာရှင်အသိုင်းအဝိုင်းကပါလေးစားပြီး ချီးကျူးနေကြတာဖြစ်ပါတယ်။ပိုပိုကလည်း ပိုင်တံခွန်နဲ့ရင်းနှီးတာကြောင့် သူဘေးကင်းဖို့အတွက်ဆုတောင်းပေးလိုက်တာဖြစ်ပါတယ်။ပိုပိုကတော့”ရှင်တို့ရဲ့ တံခွန်လေး ဘေးကင်းပါစေလို့ ပိုဆုတောင်းပါတယ်နော်။ Comment တွေဖတ်ပြီး ကျွန်မ အူတက် နေပါပြီနော် ( မ ကို တော့ စိတ်မပူပါနဲ့တော့ မ ဘေးမှာ တံခွန် ရှိနေလို့လုံခြုံပါပြီ စတာ)”ဆိုပြီး အခွီပုံစံလေးရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Paing Takhon’s Facebook Acc 
Photo Credit:Paing Takhon’s Facebook Acc 
Photo Credit:ဝတ်ရည်မိုး Facebook Acc
Photo Credit:ဝတ်ရည်မိုး Facebook Acc
Photo Credit:ဝတ်ရည်မိုး Facebook Acc
Photo Credit:ဝတ်ရည်မိုး Facebook Acc

Source&Photo Credit:ဝတ်ရည်မိုး Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T