ပြည်သူလူထုအတွက် ထမင်းဘူးနဲ့ရေဘူးတွေလှူပေးတာကို သတင်းမှားတွေထွက်နေတာကြောင့် တိတိကျကျနဲ့ပြန်လည်ဖြေရှင်းလိုက်တဲ့ နှိုင်းရှင်မြင့်မိုရ်

//s9.kh1.co/6d/6d26c38452e2d58a1186167e1c2efea768bd5110.jpeg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ပြည်သူလူထုအတွက် ထမင်းဘူးနဲ့ရေဘူးတွေလှူပေးတာကို သတင်းမှားတွေထွက်နေတာကြောင့် တိတိကျကျနဲ့ပြန်လည်ဖြေရှင်းလိုက်တဲ့ နှိုင်းရှင်မြင့်မိုရ်

ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာ ရပ်တည်နေတဲ့ နှိုင်းရှင်မြင့်မိုရ်ကတော့ ဒီကာလမှာရှေ့ဆုံးကနေ တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။နှိုင်းရှင်မြင့်မိုရ်တို့ဇနီးမောင်နှံကလည်းပြည်သူလူထုနဲ့အတူ တစ်သွေးတည်း၊တစ်သားတည်းရှိပြီး အမှန်တရားအတွက်ရင်ဆိုင်နေကြတာဖြစ်ပါတယ်။နှိုင်းရှင်မြင့်မိုရ်တို့အနုပညာရှင်တွေကတော့ လက်ရှိအခြေအနေမှာဆိုရင် စိတ်ဓာတ်ခွန်အားအပြည့်နဲ့ နေ့တိုင်းလမ်းပေါ်ထွက်နေကြတာဖြစ်ပါတယ်။

Photo Credit:Nhying Shin’s Facebook Acc 
Photo Credit:Nhying Shin’s Facebook Acc 
Photo Credit:Nhying Shin’s Facebook Acc 
Photo Credit:Nhying Shin’s Facebook Acc 

နှိုင်းရှင်မြင့်မိုရ်က သူမကိုယ်တိုင် ကြိုးကြိုးစားစားရှာဖွေပြီး စုဆောင်းထားတဲ့ပိုက်ဆံတွေနဲ့လည်း ဒီကာလမှာပြည်သူလူထုအတွက်ကူညီပေးနေတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင် ပြည်သူတွေက အပြန်အလှန်ဖေးမကူညီကြလို့လူထုချီတက်ရာနေရာတွေမှာဆိုရင် စားရေး၊သောက်ရေးနဲ့သွားလာရေးတွေ မပူပင်ရတာဖြစ်ပါတယ်။နှိုင်းရှင်မြင့်မိုရ်တို့အနုပညာရှင်တွေကလည်း ပြည်သူတွေ အဟာရပြည့်ဝပြီး ဆက်လက်လှုပ်ရှားနိုင်ဖို့အတွက် စားစရာ၊သောက်စရာတွေကို နေ့တိုင်းလှူဒါန်းပြီး တစ်ဖက်တစ်လမ်းကနေအားဖြည့်ပေးနေတာဖြစ်ပါတယ်။

Photo Credit:Nhying Shin’s Facebook Acc 
Photo Credit:Nhying Shin’s Facebook Acc 
Photo Credit:Nhying Shin’s Facebook Acc 
Photo Credit:Nhying Shin’s Facebook Acc 

မနေ့ကဆိုရင်လည်း နှိုင်းရှင်မြင့်မိုရ်တို့ဇနီးမောင်နှံက ပြည်သူတွေစားဖို့အတွက် ထမင်းဘူး(၃၀၀)နဲ့ရေဘူး(၃၀၀)တို့ကို လှူဒါန်းလိုက်တာဖြစ်ပါတယ်။နှိုင်းရှင်မြင့်မိုရ်တို့က ပြည်သူတွေအတွက်လှူဒါန်းလိုက်ပေမယ့် သတင်းမှားတွေတက်လာတာကြောင့် “ဪ ထမင်းဘူး(၃၀၀) ရေဘူး (၃၀၀)လှူတာပါဟယ် အိမ်မှာတောင် မီးသတ်ဆေးဘူးတစ်ဘူးမရှိဘူးကားထဲမှာတောင် တစ်ဘူးမထားဘူး အဲ့လောက်လှူဖို့လည်းမချမ်းသာဘူးဟေ့ နင်တို့တွေလည်း ပေါက်ကရပြောဖို့ပဲစိတ်ဓာတ်ပဲ”ဆိုပြီး ပြန်လည်ဖြေရှင်းထားတာဖြစ်ပါတယ်။

Photo Credit:Nhying Shin’s Facebook Acc 
Photo Credit:Nhying Shin’s Facebook Acc 
Photo Credit:Nhying Shin’s Facebook Acc 
Photo Credit:Nhying Shin’s Facebook Acc 

Source&Photo Credit:Nhying Shin’s Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T