ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေကို ကူညီပေးဖို့အတွက် Las Vegasအဖွဲ့နဲ့အတူ ကိုယ်တိုင်သွားပြီးအလှူငွေတွေပေးအပ်ခဲ့တဲ့ မေခလာ

//s9.kh1.co/c5/c5c88452c3526329c66d684a3a85a93f26c6eb0f.jpeg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ မိသားစုဝင်တွေကို ကူညီပေးဖို့အတွက် Las Vegasအဖွဲ့နဲ့အတူ ကိုယ်တိုင်သွားပြီးအလှူငွေတွေပေးအပ်ခဲ့တဲ့ မေခလာ

ပြည်သူချစ်အနုပညာရှင်တစ်ယောက်အနေနဲ့ ဂီတလမ်းကြောင်းပေါ် မှာလျှောက်လှမ်းနေတဲ့ မေခလာကတော့လက်ရှိအခြေအနေတွေမှာလည်း တစ်ဘက်တည်းကို ပြတ်ပြတ်သားသားရပ်တည်နေတာဖြစ်ပါတယ်။မေခလာကဂီတလောကမှာရှိတဲ့အနုပညာမောင်နှမတွေနဲ့အတူ လမ်းမပေါ်ထွက်ပြီး အမှန်တရားအတွက်ကြွေးကြော်နေတာပဲဖြစ်ပါတယ်။အခုလိုအခြေအနေမျိုးမှာ ပြည်သူတိုင်းက တစ်လှေတည်းစီးပြီး တစ်ခရီးတည်းသွားနေကြတာဖြစ်လို့အချင်းချင်းစည်းလုံးကြကာ အပြန်အလှန်ရိုင်းပင်းကူညီကြတာဖြစ်ပါတယ်။

Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc

လူငယ်တွေကလည်း မိမိတို့ရဲ့အနာဂတ်အတွက် တက်တက်ကြွကြွလှုပ်ရှားနေကြတာဖြစ်လို့ နေ့စဉ်ရက်ဆက်လမ်းမပေါ်ထွက်နေကြတာဖြစ်ပါတယ်။အခုဆိုရင် ဒီအဖြစ်အပျက်ကြီးက တစ်လကြာသွားပြီဖြစ်ပေမယ့် ဘယ်သူမှလက်မလျော့ကြသေးဘဲ ဆက်လက်ရင်ဆိုင်နေကြဆဲပဲဖြစ်ပါတယ်။လူထုလှုပ်ရှားမှုတွေမှာ ရဲရင့်စွာပါဝင်ကြရင်းအသက်ပေးသွားရတဲ့ပြည်သူတချို့အတွက်လည်း စေတနာရှင်တွေကတော့ ကျန်ရစ်သူမိသားစုဝင်တွေကိုတတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။မေခလာတို့ဇနီးမောင်နှံကလည်း Las Vegasမောင်နှမတွေနဲ့အတူ ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီသွားပြီး အလှူငွေတွေပေးအပ်ခဲ့တာဖြစ်ပါတယ်။

Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc

မေခလာတို့ကတော့ မြောက်ဥက္ကလာမှာ နေထိုင်ကြတဲ့ မောင်ထက်အောင်(အသက်၁၇နှစ်)နဲ့ မောင်မင်းဦး(အသက်၂၁နှစ်)တို့ရဲ့ မိသားစုဝင်တွေဆီ သွားပြီး တစ်ဦးကို(၃)သိန်းကျပ်ဆီ လှူဒါန်းခဲ့တာဖြစ်ပါတယ်။မေခလာကလည်း ကျန်ရစ်သူမိသားစုတွေကို အားပေးစကားလေးတွေပြောပြီး နှစ်သိမ့်ပေးခဲ့တာဖြစ်ပါတယ်။မေခလာတို့အပြင် အနုပညာရှင်တော်တော်များများကပါ ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့မိသားစုတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီစောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။အခုလိုအခြေအနေကြီးကို ပြည်သူတွေက မထင်မှတ်ဘဲကြုံတွေ့လာခဲ့ရပေမယ့် ရဲရဲရင့်ရင့်ရင်ဆိုင်ကြပြီး အကောင်းဆုံးအခြေအနေဖြစ်အောင် ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc
Photo Credit:May Khalar’s Facebook Acc

Source&Photo Credit:May Khalar’s Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T