တစ်ရက်မှမနားဘဲ လူထုလှုပ်ရှားမှုတွေမှာ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ နေ့တိုင်းပါဝင်နေတဲ့ ညီမလေးမေတိုးခိုင်ကိုချီးကျူးလိုက်တဲ့ ပိုင်ဖြိုးသု

//s9.kh1.co/00/001bdc70b3a2dea43a60551372dff0ac75e7c813.jpeg
အနုပညာရှင်များ

 ၀၇-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တစ်ရက်မှမနားဘဲ လူထုလှုပ်ရှားမှုတွေမှာ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ နေ့တိုင်းပါဝင်နေတဲ့ ညီမလေးမေတိုးခိုင်ကိုချီးကျူးလိုက်တဲ့ ပိုင်ဖြိုးသု

ဖေဖော်ဝါရီလ(၁)ရက်နေ့ မနက်အစောပိုင်းကတည်းက စတင်လိုက်တဲ့ ဒီအခြေအနေကြီးကတော့ မြန်မာပြည်သူ၊ပြည်သားတွေကို အံ့ဩမှင်သတ်သွားစေတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာဆိုရင် ပြည်သူလူထုကလည်း ကိုယ်ယုံကြည်ရာကိုရရှိဖို့အတွက် ဖေဖော်ဝါရီလ(၆)ရက်နေ့ကနေစပြီး လူထုလှုပ်ရှားမှုတွေပြုလုပ်လာကြတာဖြစ်ပါတယ်။အနုပညာရှင်အသိုင်းအဝိုင်းကတော့ ပြည်သူတွေနဲ့အတူ မားမားမတ်မတ်ရပ်တည်ပြီး ရင်ဆိုင်နေကြတာဖြစ်ပါတယ်။အကယ်ဒမီပိုင်ဖြိုးသုနဲ့ ဒါရိုက်တာဏကြီးတို့ဇနီးမောင်နှံကလည်း လူထုလှုပ်ရှားမှုတွေမှာတစ်တပ်တစ်အားပါဝင်အားဖြည့်ကြတာဖြစ်ပါတယ်။

Photo Credit:Paing Phyo Thu’s FB Acc
Photo Credit:Paing Phyo Thu’s FB Acc
Photo Credit:Paing Phyo Thu’s FB Acc
Photo Credit:Paing Phyo Thu’s FB Acc

ပိုင်ဖြိုးသုတို့အနုပညာရှင်အသိုင်းအဝိုင်းကတော့ ပြည်သူလူထုနဲ့အတူ နေ့တိုင်းလမ်းပေါ်ထွက်ပြီး အားသွန်ခွန်စိုက်ကြိုးစားနေကြတာဖြစ်ပါတယ်။အိန္ဒြာကျော်ဇင်၊မေတိုးခိုင်၊ပြေတီဦး၊မျိုးသန္တာထွန်း စတဲ့အနုပညာရှင်တွေနဲ့လည်းပိုင်ဖြိုးသုက ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသလောက် အတူတူဝန်းရံနေတာဖြစ်ပါတယ်။မေတိုးခိုင်ဆိုရင် လူငယ်တစ်ယောက်လည်းဖြစ်တာကြောင့် သူမရဲ့အနာဂတ်အတွက် နေ့တိုင်းလှုပ်ရှားနေတာဖြစ်ပါတယ်။မေတိုးခိုင်ကရန်ကုန်တိုင်းထဲမှာရှိတဲ့ နေရာအစုံကို သွားရောက်ပြီး ပြည်သူတွေရဲ့ရှေ့ကနေ ရဲဝင့်စွာနဲ့ရပ်တည်နေတာဖြစ်ပါတယ်။

Photo Credit:May Toe Khine’s Facebook page 
Photo Credit:May Toe Khine’s Facebook page 
Photo Credit:May Toe Khine’s Facebook page 
Photo Credit:May Toe Khine’s Facebook page 
Photo Credit:May Toe Khine’s Facebook page 
Photo Credit:May Toe Khine’s Facebook page 

နေ့တိုင်းမမောမပန်းဘဲ တတ်နိုင်တဲ့ခွန်အားနဲ့ကြိုးစားနေတဲ့မေတိုးခိုင်ကို ပိုင်ဖြိုးသုက လေးစားနေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ပိုင်ဖြိုးသုက“ဒီကလေးလေးကို စတွေ့တုန်းကတကယ်ပျော့ပျော့နွဲ့နွဲ့လေး ..အခုလူထုလှုပ်ရှားမှုအတွင်း‌မှာတော့ တကယ့်"ရဲတင်းပေါက်စိန်"လေး CDM ကိစ္စတွေအတွက်လျှောက်သွားစည်းရုံးကြရင်လည်းစကားတွေအများကြီးစီကာပတ်ကုံးမပြောပေမယ့် သူပြောသွားတဲ့စကားတိုင်းကတကယ်ခံစားချက်ပါတယ် သူပြောတိုင်းကိုယ့်မှာမျက်ရည်ပါဝဲရတယ်။တစ်ရက်မှမနားဘူး အမြဲဘာလုပ်လို့ရမလဲစဉ်းစားနေတဲ့ကလေး You deserve to be appreciated ညီမလေး မေတိုးခိုင်”ဆိုပြီး ချီးကျူးထားတာဖြစ်ပါတယ်။

Photo Credit:Paing Phyo Thu’s FB Acc
Photo Credit:Paing Phyo Thu’s FB Acc
Photo Credit:Paing Phyo Thu’s FB Acc
Photo Credit:Paing Phyo Thu’s FB Acc

Source&Photo Credit:Paing Phyo Thu’s FB Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T