အန္တရာယ်အခက်အခဲတွေကြားကနေ ရဲရဲဝင့်ဝင့် ရှေ့တန်းကဦးဆောင်ကာ အကာအကွယ်အပြည့်အစုံနဲ့လှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ အောင်ထက်

//s9.kh1.co/bd/bd2c4f2e267b382361207ad12f7e56ab53420f69.jpeg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

....

Gen Y Gen Z လေးတွေကတော့ ဒီလှုပ်ရှားမှုကြီးမှာအဓိကကျတဲ့ သူရဲကောင်းလေးတွေဆိုလည်းမမှားပါဘူး။ သတ္တိရှိမှု စည်းလုံးမှု တီထွင်ကြံဆမှုတွေကောင်းလွန်းတာကြောင့် ပြည်သူအားလုံးကလေးစားချီးကျူးနေကြတာလည်းဖြစ်ပါတယ်။သူတို့ကိုယ်တိုင်လည်း ရှေ့တန်းကနေ လှုပ်ရှားမှုတွေပြုလုပ်သလို ဖြိုခွင်းခံရမှုတွေကိုလည်း အကာအကွယ်အပြည့်အစုံနဲ့ တိုက်ခိုက်ကာကွယ်ပေးခဲ့တာပဲဖြစ်ပါတယ်။

photo Credit : Aung Htet Facebook Page 
photo Credit : Aung Htet Facebook Page 
photo Credit : Aung Htet Facebook Page 
photo Credit : Aung Htet Facebook Page 

ဒီလိုရဲရဲဝင့်ဝင့် တိုက်ပွဲဝင်နေကြသူတွေထဲမှာမှပြည်သူတွေပါမက အနုပညာရှင်တွေလည်းထိပ်ဆုံးကဦးဆောင်ကာပါဝင်ခဲ့တာလည်းလေးစားစွာတွေ့မြင်ရပါတယ်။လှုပ်ရှားမှုတွေမှာလည်း ဆန္ဒပြပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ဒီလိုအနုပညာရှင်တွေထဲမှာအောင်ထက်လည်းအပါအဝင်ပါပဲ။

photo Credit : Aung Htet Facebook Page 
photo Credit : Aung Htet Facebook Page 
photo Credit : Aung Htet Facebook Page 
photo Credit : Aung Htet Facebook Page 

အောင်ထက်က ဖေဖော်ဝါရီလထဲကစတင်ခဲ့တဲ့ဒီလှုပ်ရှားမှုကြီးမှာပြည်သူလူထုနဲ့အတူ ရပ်တည်ကာနေရာအစုံကနေပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။အခုလည်း ရှေ့တန်းကနေ အကာအကွယ်အပြည့်အစုံဝတ်ကာ ဖြိုခွင်းခံရမှုတွေကို နောက်မဆုတ်ဘဲ ခုခံပေးရင်း လှုပ်ရှားမှုကြီး အောင်မြင်ခဲ့ကြောင်းပုံလေးတွေဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း အားလုံးဘေးအန္တရာယ်ကင်းရှင်းစွာအိမ်ပြန်ရောက်ကြပါစေဆုတောင်းပေးလိုက်ပါတယ်။

photo Credit : Aung Htet Facebook Page 
photo Credit : Aung Htet Facebook Page 
Source & photo Credit : Aung Htet Facebook Page 
Source & photo Credit : Aung Htet Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T