ပြည်သူတွေရဲ့အရှေ့ကနေ ကာကွယ်ပေးနေပေမယ့်လည်း လူတွေမသိကြတာကြောင့် သူ့ပရိသတ်ကိုယ်တိုင်ပြောပြလာရတဲ့ ရဲတိုက်ရဲ့အကြောင်း

//s9.kh1.co/d7/d75fd1c930a5c6c729cbe1c4fe0b09767b8bb7c0.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေရဲ့အရှေ့ကနေ ကာကွယ်ပေးနေပေမယ့်လည်း လူတွေမသိကြတာကြောင့် သူ့ပရိသတ်ကိုယ်တိုင်ပြောပြလာရတဲ့ ရဲတိုက်ရဲ့အကြောင်း

မင်းသားရဲတိုက်ကတော့ ပြည်သူတွေထဲက ပြည်သူတစ်ယောက်ဖြစ်တာကြောင့် ကိုယ်တတ်နိုင်တဲ့နေရာကနေ တာဝန်ယူပြီး နိုင်ငံအတွက် အကျိုးရှိအောင် ကြိုးစားပေးနေတာ ဖြစ်ပါတယ် ။ ပြည်သူလူထုရဲ့ဆန္ဒနဲ့ တစ်ထပ်တည်းကျသူဖြစ်တဲ့ ရဲတိုက်က အားလုံးနဲ့အတူ ဇွဲမလျှော့ဘဲ ရှေ့ဆက်နေတာ ဖြစ်ပါတယ် ။ ရဲတိုက်က လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင်နေသလို သူခွန်အားရှိသလောက် ပြည်သူတွေကို ကာကွယ်ပေးနေတာလည်း ဖြစ်ပါတယ် ။

Photo Credit - Ye Deight's FB Page & Myo Min (Raven Production)
Photo Credit - Ye Deight's FB Page & Myo Min (Raven Production)
Photo Credit-ရဲတိုက်'s FB Acc
Photo Credit-ရဲတိုက်'s FB Acc

ရဲတိုက်ရဲ့ကြိုးစားအားထုတ်မှုတွေကို မသိသေးတဲ့ လူအချို့ကတော့ သူ့ကိုဝေဖန်ပြောဆိုခဲ့ကြတာ ဖြစ်ပါတယ် ။ အမှန်မှာတော့ ရဲတိုက်က Social Media အသုံးပြုမှုနည်းပါးတာကြောင့် သူ့ရဲ့Facebook Account နဲ့ Page တွေမှာ Follower သိပ်မရှိသေးဘဲ လူသိနည်းနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ရဲတိုက်ကိုယ်တိုင်ကလည်း သူ့ရဲ့လှုပ်ရှားမှုတွေအားလုံးကို တစ်ခါတစ်ရံမှသာ မျှဝေလေ့ရှိတာ ဖြစ်ပါတယ် ။ ဒါကြောင့် သူ့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တစ်ဦးက ရဲတိုက်ကဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကို အားလုံးသိရအောင် ပုံတွေနဲ့အတူ ဖော်ပြလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-ရဲတိုက်'s FB Acc
Photo Credit-ရဲတိုက်'s FB Acc
Photo Credit-Kyaw Thet Oo's FB Acc
Photo Credit-Kyaw Thet Oo's FB Acc
Photo Credit-Kyaw Thet Oo's FB Acc
Photo Credit-Kyaw Thet Oo's FB Acc

ပရိသတ်တစ်ဦးက "ရဲတိုက် ဆေးချတယ်ဆိုပြီး ဝိုင်းကဲ့ရဲ့ကြတယ် Follower သိပ်မရှိဘူး လူသိနည်းတယ် တော်လှန်ရေးမှာ အရှေ့ကနေဦးဆောင်ပြီးနေတယ် Blue Mark နဲ့ Follower Millions ချီတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်း ----ပေါတွေထက်တော့ အများကြီးသာတယ် အရင်ကတည်းကအားပေးလာတာ အားပေးရကျိုးနပ်တယ်❤️ဘယ်အရာမဆို အပေါ်ယံကြည့်ပြီး မဝေဖန်သင့်" ဆိုပြီး ရဲတိုက်ရဲ့အကြောင်းကို ရေးသားပြောပြခဲ့တာ ဖြစ်ပါတယ် ။ ရဲတိုက်ကတော့ လူထုလှုပ်ရှားမှုတွေမှာ ဒိုင်းကိုင်ပြီး ပြည်သူတွေရဲ့အရှေ့ကနေ ရဲရဲရင့်ရင့်ကာကွယ်ပေးခဲ့တာ ဖြစ်ပါတယ် ။

Source & Photo Credit-Kyaw Thet Oo's FB Acc & ရဲတိုက်'s FB Acc

Photo Credit-Kyaw Thet Oo's FB Acc
Photo Credit-Kyaw Thet Oo's FB Acc
Photo Credit-ရဲတိုက်'s FB Acc & Original Uploader
Photo Credit-ရဲတိုက်'s FB Acc & Original Uploader
Photo Credit - Ye Deight's FB Page & Myo Min (Raven Production)
Photo Credit - Ye Deight's FB Page & Myo Min (Raven Production)
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T