သွားရင်းလာရင်းလမ်းပေါ်မှာဖြစ်နေတဲ့ လက်ရှိအခြေအနေအားပြည်သူတွေသိရှိရအောင်ဗီဒီယိုရိုက်ကူးကာဝေမျှပေးလာတဲ့ ပိုင်တံခွန်

//s9.kh1.co/3c/3cac824b4ebe014d2b8f27eded60ccf3a20111d1.jpeg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  ပိုင်တံခွန်ကတော့  ပြည်တွင်းတွင်သာမကဘဲ  ပြည်ပနိုင်ငံက ပရိသတ်တွေများစွာရဲ့  တစ်ခဲနက်   ဝန်းရံအားပေးခြင်းတွေကို  သိမ်းပိုက်ရရှိထားတဲ့  မင်းသားတစ်လက်လည်း  ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေမှာလည်း  ပြည်သူတွေနဲ့အတူ  ရဲရဲဝံ့ဝံ့  ပူးပေါင်းပါဝင်နေတာလည်း  ဖြစ်ပါတယ်။ လူငယ်ပီပီ  ရှေ့ဆုံးကနေပြီး  ပြည်သူတွေကို  ကာကွယ်ပေးနေတာကြောင့်လည်း  ယောကျာ်းလေးပရိသတ်တွေကပါ  လေးစားနေကြတာလည်း  ဖြစ်ပါတယ်။

Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 

လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က  အွန်လိုင်းပေါ်တွင် ပျောက်ကွယ်ခဲ့တာကြောင့်  အားလုံးက  စိတ်ပူနေခဲ့ကြပြီး  လက်ရှိမှာတော့  သူတတ်နိုင်တဲ့ဘက်ကနေ  လှုပ်ရှားပါဝင်ဆောင်ရွက်ပေးနေတာလည်း  ဖြစ်ပါတယ်။  မြေပြင်မှာ  ဖြစ်ပျက်နေတဲ့  သတင်းအချက်အလက်များကိုလည်း  အချိန်နဲ့တစ်ပြေးညီ  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  မိနစ်ပိုင်းလောက်ကလည်း  ပိုင်တံခွန်ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု  တင်ပေးထားတာပဲ  ဖြစ်ပါတယ်။

Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Page 
Photo Crd-Paing Takhon’s Facebook Account  
Photo Crd-Paing Takhon’s Facebook Account  

ဒါကတော့  သွားရင်းလာရင်းလမ်းပေါ်မှာဖြစ်ပေါ်နေတဲ့အခြေအနေအားပြည်သူတွေသိရှိရအောင်ဗီဒီယိုရိုက်ကူးကာဝေမျှပေးလာတာပဲ  ဖြစ်ပါတယ်။  သူကလည်း  " ဂရုစိုက်ကြပါ  အားလုံး ရဲကားတွေအများကြီး  ထွက်လာနေပါပြီ" ဆိုပြီး  ရေးသားထားတာကြောင့်  ပရိသတ်တွေလည်း  ကြည့်ရှုလို့ရအောင်  ပိုင်တံခွန်ရဲ့ ဗီဒီယိုဖိုင်ကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Paing Takhon’s Facebook Account and Page

Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T