မိမိရဲ့အသက်ကို ပဒါနမထားဘဲ ရှေ့တန်းကနေတိုက်ပွဲဝင်နေတဲ့ လူငယ်တွေအတွက် ဒိုင်းကာ အလှူလေးမှာ ထည့်ဝင်လှူဒါန်းပေးခဲ့တဲ့ စိုးပြည့်သဇင်

//s9.kh1.co/ab/ab19884ecb57e30986647861d4d06f6e214f16d6.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော လူထုလှုပ်ရှားမှုတွေက နေရာဒေသအသီးသီးမှာ အမျိုးမျိုးဖြိုခွင်းမှုတွေရှိနေပေမယ့်လည်း ဇွဲမလျော့ဘဲ ဆက်လက်လှုပ်ရှားမှုတွေ ရှိနေခဲ့ပါတယ်။ လှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်နေတဲ့ လူငယ်တွေကလည်း ဒဏ်ရာအနာတရ မရရှိအောင် နည်းလမ်းအမျိုးမျိုး အကာကွယ်အတားအဆီးတွေ လုပ်ဆောင်နေကြပါတယ်။ မိမိတို့ရဲ့ အသက်ကိုပဒါန မထားဘဲ အရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတဲ့ လူငယ်တွေအတွက်လည်း အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေက လိုအပ်တာလေးတွေကို လှူဒါန်းထောက်ပံ့ပေးတာ တွေ့ရပါတယ်။

Photo Credit - Soe Pyae Thazin fb account
Photo Credit - Soe Pyae Thazin fb account
Photo Credit - Soe Pyae Thazin fb account
Photo Credit - Soe Pyae Thazin fb account

ယင်းကဲ့သို့ လှူဒါန်းပေးကြတဲ့ သူတွေထဲမှာ အနုပညာရှင်များစွာကလည်း တက်နိုင်တဲ့ဘက်နေ စားသောက်စရာတွေနဲ့ ရှေ့တန်းအတွက် အကာကွယ်ပစ္စည်းတွေကို လှူဒါန်းပေးကြပါတယ်။ ယခုတစ်ခါမှာ နိုင်ငံကျော်မင်းသမီး စိုးပြည့်သဇင်က တိုင်းပြည်အတွက် အုပ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ တက်နိုင်သလောက် အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။ ဒီအလှူလေးကတော့ မိမိရဲ့ အသက်တွေကို ပဒါနမထားဘဲ အရှေ့အတန်းကနေတိုက်ပွဲဝင်နေတဲ့ လူငယ်တွေအတွက် ဒိုင်းကာ လှူဒါန်းရန် အလှူငွေများထည့်ဝင်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Photo Credit - Soe Pyae Thazin fb account
Photo Credit - Soe Pyae Thazin fb account
Photo Credit - Soe Pyae Thazin fb account
Photo Credit - Soe Pyae Thazin fb account

စိုးပြည့်သဇင်က လတ်တလောမှာ အမှန်တရားကိုလိုလားကြတဲ့ ပြည်သူတွေနဲ့ အတူ အနာဂတ်ရဲ့ အိမ်မက်တွေ မဆုံးရှုံးအောင် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ရပ်တည်ပေးခဲ့ပါတယ်။ ဒါ့အပြင် လမ်းမပေါ်က ပြည်သူတွေအတွက် စားသောက်စရာလေးတွေကို တက်နိုင်သလောက် လှူဒါန်းဝေငှပေးခဲ့တာ တွေ့ရပါတယ်။ ကဲ...ပရိသတ်ကြီးရေ ရှေ့တန်မှာ လှုပ်ရှားနေကြတဲ့ လူငယ်တွေအတွက် ဒိုင်းကာ အလှူလေးကို ပါဝင်လှူဒါန်းပေးခဲ့တဲ့ စိုးပြည့်သဇင်ကို ဂုဏ်ပြုစကားလေး ပြောပေးခဲ့ပါဦး။

သတင်း အရင်းအမြစ်Source - Soe Pyae Thazin Myday

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T