မြောက်ဥက္ကလာက လူထုလှုပ်ရှားမှုမှာ ကျဆုံးခဲ့ရတဲ့ မောင်လေးဖိုးချစ်အတွက် အလှူငွေကို သွားရောက်လှူဒါန်းဖို့ပြင်ဆင်နေတဲ့ ဘေဘီမောင်နဲ့ သားဂန်း

//s9.kh1.co/22/22f66b059b0b6b2a451f9bcdba48a34d3c7d7ce8.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မင်းသမီးချောလေး ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့ စုံတွဲလေးကတော့ လူငယ်ပရိသတ်တွေ အားကျရတဲ့ သူတွေပဲ ဖြစ်ပါတယ်။ မနဲ့မောင် စုံတွဲလေးဖြစ်တဲ့ သူတို့နှစ်ယောက်က အပြန်အလှန်နားလည်မှုနဲ့ လက်တွဲလာကြတာဆိုရင် Relationshipသက်တမ်းအတော်ကြာပြီပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က အနုပညာလှုပ်ရှားမှုတွေကိုလည်း အတူတွဲဖက်လုပ်ကိုင်လေ့ရှိသလို လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာလည်း လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေတာဖြစ်ပါတယ်။ 

Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account

သူတို့နှစ်ယောက်ရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာတွေထက်မှာလည်း လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ပုံလေးတွေကို တင်ပေးလေ့ရှိတာပါ။ ဒါ့အပြင် တော်လှန်ရေးကြောင့် အသက်ပေးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်လည်း ဝမ်းနည်းမျက်ရည်ကျကာ ငွေကြေးအင်အားနဲ့ ထောက်ပံ့ပေးတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း ဘေဘီနဲ့ သားဂန်းတို့ နှစ်​ယောက်က ကျဆုံးသွားတဲ့ မြောက်ဥက္ကာလက မောင်လေးဖိုးချစ်အတွက် အလှူငွေကို သေချာစရင်းမှတ်ကာ သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေခဲ့တာပဲ ဖြစ်ပါတယ်။

Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account

ဘေဘီမောင်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာလည်း " မြောက်ဥက္ကာလာမှာကျဆုံးသွားတဲ့မောင်လေးဖိုးချစ်အတွက် စေတနာရှင်များမှပါဝင်လှူဒါန်းကျသော အလှူငွေစာရင်းလေးပါရှင့် ၂နာရီအတွင်းမှာပဲရခဲ့တဲ့အလှူငွေလေးတွေပါ မနက်ကျရင်ထပ်လှူမယ့် အလှူရှင်တွေလည်းရှိပါသေးတယ် ညဘက်မို့ငွေလွှဲအဆင်မပြေသေးလို့ပါရှင့် မနက်ဖြန်သွားရောက်လှူဒါန်းတဲ့အခါကျရင်လည်းဓာတ်ပုံလေးတွေရိုက်ပြီးတင်ပေးပါအုံးမယ်ရှင့် အလှူရှင်များကိုလည်းဆုံးသွားတဲ့မောင်လေးဖိုးချစ်နဲ့မောင်လေးမိသားစုကကိုယ်စားကျေးဇူးအများကြီးတင်ပါတယ်ရှင့် " ဆိုပြီး အလှူပြုတဲ့ စာသားလေးနဲ့ ပုံတွေကို တင်ပေးလာတာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account
Photo credit - Baby Maung's FB account

သတင်း အရင်းအမြစ်Source - Baby Maung's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T