ပြည်သူတွေက တစ်လှေတည်းစီးပြီးသွားနေကြတာဖြစ်လို့ အချင်းချင်းရိုင်းပင်းကူညီကာ အောင်မြင်မှုဆီ ယုံကြည်စွာလှော်ခတ်ကြမယ်ဆိုတဲ့ နေတိုး

//s9.kh1.co/30/3028628617fe704a074388cd35585ad946d23f45.jpeg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပြည်သူတွေက တစ်လှေတည်းစီးပြီးသွားနေကြတာဖြစ်လို့ အချင်းချင်းရိုင်းပင်းကူညီကာ အောင်မြင်မှုဆီ ယုံကြည်စွာလှော်ခတ်ကြမယ်ဆိုတဲ့ နေတိုး

အကယ်ဒမီရမင်းသားတစ်လက်ဖြစ်တဲ့ နေတိုးကတော့ အနုပညာနယ်ပယ်ထဲမှာ လျှောက်လှမ်းခဲ့တာ ဆယ်စုနှစ်မကရှိနေပြီဖြစ်ပါတယ်။နေတိုးက လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာဆိုရင်တော့ ဘေးထွက်မနေဘဲ ပြည်သူတွေနဲ့အတူ တစ်တပ်တစ်အား ပါဝင်ကြိုးစားနေတာပဲဖြစ်ပါတယ်။နေတိုးက ညီအစ်ကိုတွေလိုမျိုးခင်မင်ရင်းနှီးရတဲ့ မင်းမော်ကွန်း၊ကျော်ကျော်ဗိုလ်၊ရဲလေး၊ထွန်းထွန်း၊ကိုပေါက် စတဲ့အနုပညာရှင်တွေနဲ့အတူ နေ့တိုင်း လမ်းပေါ်ထွက်ပြီး တစ်ထောင့်တစ်နေရာကနေ ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်။

Photo Credit:Nay Toe 2021Officially’s FB Page 
Photo Credit:Nay Toe 2021Officially’s FB Page 
Photo Credit:Nay Toe 2021Officially’s FB Page 
Photo Credit:Nay Toe 2021Officially’s FB Page 

နေတိုးကတော့ ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ပြီး အားမာန်အပြည့်နဲ့ ဆက်လက်ချီတက်နေဆဲဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဆိုရင်တော့ ပြည်သူလူထုလည်း နေ့တိုင်းလမ်းပေါ်ထွက်ပြီး ကိုယ်ယုံကြည်ရာတစ်ခုအတွက်ရင်ဆိုင်နေကြတာဖြစ်ပါတယ်။နာမည်ကြီးအနုပညာရှင်တွေကပါ ပြည်သူတွေနဲ့တစ်စိတ်တစ်ဝမ်းတည်း ရှိတာကြောင့် လူထုလှုပ်ရှားမှုတွေက ယနေ့ထိတိုင် အားကောင်းနေဆဲဖြစ်ပါတယ်။နေတိုးက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာလည်း ပြည်သူတွေအားဖြစ်စေမယ့်အကြောင်းအရာလေးတွေကို   ရေးသားနေကျဖြစ်ပါတယ်။

Photo Credit:Aung Min Naing’s FB Acc
Photo Credit:Aung Min Naing’s FB Acc
Photo Credit:Aung Min Naing’s FB Acc
Photo Credit:Aung Min Naing’s FB Acc

နေတိုးကတော့”တ​စ်လှေတည်းစီး၊တစ်ခရီးတည်းအတူတူသွား​နေကြတဲ့သူ​တွေမို့ ကိုစွမ်းနိုင်သ​လောက်ပါဝင်ကူညီ​လှော်ခတ်ကြရမှာပါ ​လှေရဲ့ဘယ်လို​နေရာအစိတ်အပိုင်းမှာပဲ​အပေါက်ဖြစ်သွားဖြစ်သွားငါ့အနားမှာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးဆိုပြီးနေလို့မရပါဘူးအားလုံးဝိုင်းဝန်းကူညီကြရမှာပါ​ လှေနစ်သွားရင်တ​စ်လှေလုံးနစ်မှာဆိုတာမ​မေ့ဖို့လိုပါတယ်။ကိုယ်အစွမ်းရှိသလောက်အား​တွေနဲ့ရှု​ထောင့်မျိုးစုံ​​ ကိုယ်ရောက်​နေတဲ့နေရာမျိုးစုံက​နေ​​ အောင်မြင်မှုဆီအတူတူလှော်ခတ်ကြရမှာပါ...အမုန်းတရားတွေကင်းပြီး ချစ်ခြင်း​ မေတ္တာတရားတွေနဲ့အတူ  အောင်မြင်မှုဆီ​ကိုယုံကြည်စွာလှော်ခတ်ကြရင်း..အားလုံးအန္တရာယ်ကင်းကြပါစေ....”ဆိုပြီး မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Nay Toe 2021Officially’s FB Page 
Photo Credit:Nay Toe 2021Officially’s FB Page 
Photo Credit:Nay Toe 2021Officially’s FB Page 
Photo Credit:Nay Toe 2021Officially’s FB Page 

Source&Photo Credit:Nay Toe 2021Officially’s FB Page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T