ဒီနွေဦးတော်လှန်ရေးပြီးသွားရင် ကိုယ်ဘယ်ကဏ္ဍကပါဝင်ခဲ့ကြောင်း ဂုဏ်ယူစွာပြောဖို့ အသက်ရှင်လျှက်ရှိပေးဖို့တောင်းဆိုလိုက်တဲ့ တိုင်ရွန်

//s9.kh1.co/89/8965bb0ce0c10caecd9b7cc3cee6b46fd94be50e.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဒီနွေဦးတော်လှန်ရေးပြီးသွားရင် ကိုယ်ဘယ်ကဏ္ဍကပါဝင်ခဲ့ကြောင်း ဂုဏ်ယူစွာပြောဖို့ အသက်ရှင်လျှက်ရှိပေးဖို့တောင်းဆိုလိုက်တဲ့ တိုင်ရွန်

နွေဦးတော်လှန်ရေးစတင်တဲ့ နေ့ရက်တွေကတည်းက ပြည်သူတွေများစွာကို ဒိုင်းတွေနဲ့ရှေ့ကနေကာကွယ်ပေးခဲ့တဲ့ တိုင်ရွန်ကတော့ အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့်ရပ်တည်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေကို ဆက်လက်ပြုလုပ်နေတဲ့တိုင်ရွန်ကတော့ နွေဦးတော်လှန်ရေးပြုလုပ်ရင်း ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းတွေအတွက်လည်း တတ်နိုင်သလောက်အလှူငွေတွေကို ပေးအပ်လှူဒါန်းခဲ့ပါသေးတယ်။

Photo Credit :Tyron bejay ' s facebook acc
Photo Credit :Tyron bejay ' s facebook acc
Photo Credit :Tyron bejay ' s facebook acc
Photo Credit :Tyron bejay ' s facebook acc

တိုင်ရွန်ကတော့ ယခုမှာ ဒီနွေဦးတော်လှန်ရေးပြီးသွားရင် ကိုယ်ဘယ်ကဏ္ဍကပါဝင်ခဲ့ကြောင်း ဂုဏ်ယူစွာပြောဖို့အတွက် အသက်ရှင်လျှက်ရှိပေးဖို့တောင်းဆိုလိုက်ပါတယ်။ တိုင်ရွန်ကတော့ " အများကြီးနားမလည်ဘူး အဲ့ဒီတော့ ကိုယ်လုပ်နိုင်တာ ရှေ့တန်းတစ်နေရာဘဲရှိတယ် နေရာအသီးသီးကနေ တာဝန်ကျေ နေကြတဲ့ အယောက်စီတိုင်းကို လေးစားပါတယ် ဒီအရေးတော်ပုံပြီးသွားရင် ခင်များတို့နဲ့ မျက်နှာချင်းဆိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြလဲဆိုတာ ဂုဏ်ယူပြီး ပြောကြတာပေါ့ဗျာ အားလုံး အသက်ရှင်လျှက်ရှိရမယ် ကတိပေးပါ Gen Y "ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Photo Credit :Tyron bejay ' s facebook acc
Photo Credit :Tyron bejay ' s facebook acc
Photo Credit :Tyron bejay ' s facebook acc
Photo Credit :Tyron bejay ' s facebook acc

တိုင်ရွန်ကတော့ " ကျွန်တော် အမှားတွေအများကြီးလုပ်ခဲ့တယ် ဘုကလန့် ဂျစ်ကန်ကန် ဒေါင့်မကျိုး ရိုင်းခဲ့မိတယ် အားလုံးကိုတောင်းပန်ပါတယ် မနက်ဖြန်ဆိုတာ မသေချာတဲ့ အခြေအနေတွေမှာ အားလုံးနဲ့ ချစ်ခင်စွာနဲ့ နေသွားချင်ပါတယ် လုပ်ခဲ့မိတာတွေအတွက်လဲ တောင်းပန်ပါတယ် " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသာထားခဲ့တာပဲဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ ပါဝင်နေတဲ့ တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : tyron bejay ' s facebook acc

Photo Credit :Tyron bejay ' s facebook acc
Photo Credit :Tyron bejay ' s facebook acc
Photo Credit :Tyron bejay ' s facebook acc
Photo Credit :Tyron bejay ' s facebook acc
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T