နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသောသူရဲကောင်းများအတွက် သန့်ရှင်းစွာရရှိထားတဲ့ အနုပညာကြေးတွေ စုကာ လှူဒါန်းခဲ့တဲ့ မေလသံစဉ်

//s9.kh1.co/41/41443e1f3ab1dfd1d1b70bf7f3300a476797d517.jpg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......အမျိုးသမီး တေးသံရှင် မေလသံစဥ် ကတော့ ကြည်လင်ပြတ်သားတဲ့ အသံချိုချိုလေးနဲ့ လူအများကြိုက်နှစ်သက်ကြတဲ့ သီချင်းကောင်းလေးတွေကို သီဆိုဖျော်ဖြေလေ့ ရှိတာ ပဲဖြစ်ပါတယ်။မေလက အသက်ငယ်ပေမယ့်လည်း ဂီတလောကမှာ အောင်မြင်မှုတွေကို သရဖူဆောင်းထားနိုင်တာ ဖြစ်ပြီး ချီးမြှင့်တဲ့ ထူးချွန်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ဖေဖော်ဝါရီလ အစကနေ ဖြစ်ပေါ်ခဲ့တာနဲ့ ပက်သက်ပြီး ပြည်သူတွေက နိုင်သလောက် ကြိုးစားအားထုတ်ကာ လူထုလှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်နေကြတာ လည်းဖြစ်ပါတယ်။

Photo Credit -May Melody FB page
Photo Credit -May Melody FB page
Photo Credit -May Melody FB page
Photo Credit -May Melody FB page

မေလက လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားကာ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် သူမကလည်း ပြည်သူထဲက ပြည်သူတစ်ယောက်ပဲမို့ အမှန်တရား ဘက်ကနေ ရဲရင့်စွာ ရပ်တည် ပါဝင် အားဖြည့် နေတာ ပဲဖြစ်ပါတယ်။ဒါ့အပြင် လူထုလှုပ်ရှားမှုကို ငြိမ်းချမ်းစွာ ဖော်ထုတ်နေသူတွေကိုလည်း သူမ တတ်နိုင်သလောက် စားစရာသောက်စရာများကို ကိုယ်တိုင် လမ်းမပေါ်ထွက်ကာ လှူဒါန်းနေတာလည်း တွေ့ရပါတယ်။မမျှော်လင့်ပဲ ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းများအတွက်လည်း စိတ်မကောင်းဖြစ်ကာ သူမရဲ့အနုပညာကြေးလေးတွေ စုကာ လှူဒါန်းနေတာ ဖြစ်ပါတယ်။

Photo Credit -May Melody FB page
Photo Credit -May Melody FB page
Photo Credit -May Melody FB page
Photo Credit -May Melody FB page

မေလက"နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသောသူရဲကောင်းများအတွက် သန့်ရှင်းစွာ ရရှိထားတဲ့ အနုပညာကြေးထဲမှ တစ်ဦး (၁)သိန်းစီ လေးစားစွာဖြင့် လှူဒါန်းခဲ့ပါတယ် မိမိပြုသမျှ ကုသိုလ်တိုင်းလဲ အမျှပေးဝေပါတယ် ???သူရဲကောင်းတို့ ဖြစ်လေရာဘဝမှာ စိတ်ချမ်းသာစွာဖြင့် သက်တန်းစေ့ နေထိုင်ကြရပါစေလို့ ???"ဆိုတဲ့ စာသားကို ရေးသားဖော်ပြကာ မေတ္တာပို့ ဆုတောင်းနေတာ ပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေ အတွက် မေလရဲ့အလှူလေးကို သာဓုခေါ်နိုင်ဖို့အတွက် တစ်ဆင့်ပြန်လည်ကူးယူ မျှဝေပေးလိုက်ပါတယ်။

Photo Credit -May Melody FB page
Photo Credit -May Melody FB page
Photo Credit -May Melody FB page
Photo Credit -May Melody FB page

သတင်း အရင်းအမြစ်May Melody FB page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T