သရုပ်ဆောင် မင်းသား စည်သူဝင်းကတော့ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ တစ်ရက်မျှနားရက်မရှိဘဲ လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိအောင် အားကြိုးမာန်တက် ကြိုးစားဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
စည်သူဝင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်လည်း သတင်းအချက်အလက်များနဲ့ သူ့ရဲ့လှုပ်ရှားမှုတွေများကို နေ့စဉ်ဝေမျှတင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း စည်သူဝင်းရဲ့ Facebook Story မှာ ဗီဒီယိုဖိုင်တစ်ခု တင်ပေးထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ လူထုလှုပ်ရှားမှုများတွင်နေ့စဉ်တက်ကြွစွာပါဝင်နေပြီးညပိုင်းမှာလည်းမပျက်မကွက်သံဗုံးတီးနေတဲ့ စည်သူဝင်းရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။
သူကလည်း " အားမလျော့နဲ့ ဆက်ကြိုးစားကြမယ် " ဆိုပြီး အားပေးစကားလေးလည်း ရေးသားထားတာပဲ ဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေ ပြင်းထန်နေပေမယ့်လည်း စည်သူဝင်းကတော့ အသက်ပေးရမှာကြောက်ပေမယ့် အရင်လိုပုံစံမျိုးပြန်ရောက်သွားမှာ စိုးတဲ့အတွက် အခုလို ပါဝင်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် စည်သူဝင်းရဲ့ ဗီဒီယိုဖိုင်ကိုပါ တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd-Sithu Win’s Facebook Account