ဦးလူမင်းရဲ့သတင်းကဘာမှမထူးသေးတာကြောင့် စိတ်ထိခိုက်နေရတဲ့ဇနီးဖြစ်သူခင်စံပယ်ဦးကို အားတင်းထားပါလို့ နှစ်သိမ့်ပေးလိုက်တဲ့ မခိုင်လေး

//s9.kh1.co/19/1992318f06663b810b5c3e2d3adc2380e257f519.jpeg
အနုပညာရှင်များ

 ၀၆-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဦးလူမင်းရဲ့သတင်းကဘာမှမထူးသေးတာကြောင့် စိတ်ထိခိုက်နေရတဲ့ဇနီးဖြစ်သူခင်စံပယ်ဦးကို အားတင်းထားပါလို့ နှစ်သိမ့်ပေးလိုက်တဲ့ မခိုင်လေး

အကယ်ဒမီခိုင်သင်းကြည်ကတော့ လက်ရှိအခြေအနေတွေမှာဆိုရင် သူမရဲ့မိသားစုနဲ့အတူ နေ့တိုင်းလမ်းပေါ်ထွက်ပြီး လှုပ်ရှားနေတာဖြစ်ပါတယ်။ခိုင်သင်းကြည်တို့မိသားစုသုံးယောက်လုံးက ပြည်သူတွေနဲ့တစ်စိတ်တစ်ဝမ်းတည်းရှိပြီး ဒီနေ့အချိန်ထိတိုင် ဆက်လက်ရင်ဆိုင်နေကြဆဲပဲဖြစ်ပါတယ်။ခိုင်သင်းကြည်တို့အနုပညာရှင်အသိုင်းအဝိုင်းကလည်း ပြည်သူတွေဘက်မှာရှိပြီး စည်းစည်းလုံးလုံးနဲ့ အပြန်အလှန်ရိုင်းပင်းကူညီနေကြတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက စတင်လိုက်တဲ့ဒီအခြေအနေကြီးဟာဆိုရင်  တစ်လကြာသွားတာတောင်ဘယ်သူမှအားမလျော့ကြသေးတာဖြစ်ပါတယ်။

Photo Credit:Khine Thin Kyi’s Facebook Acc
Photo Credit:Khine Thin Kyi’s Facebook Acc
Photo Credit:Khine Thin Kyi’s Facebook Page 
Photo Credit:Khine Thin Kyi’s Facebook Page 

အနုပညာအသိုင်းအဝိုင်းကတော့ ပြည်သူလူထုလိုအပ်တဲ့အရာတွေကို တတ်နိုင်သလောက်ကူညီပေးဖို့အတွက်အဆင်သင့်ရှိနေကြတာဖြစ်ပါတယ်။လက်ရှိမှာဆိုရင် လူထုလှုပ်ရှားမှုမှာ ပါဝင်ကြရင်း အသက်ပေးသွားကြရတဲ့သူရဲကောင်း လူငယ်လေးတွေအတွက်လည်း ပြည်သူလူထုက ဝမ်းနည်းပူဆွေးနေကြတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ ပြည်သူအချင်းချင်းကသာ အပြန်အလှန်ဂရုစိုက်စောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။ခိုင်သင်းကြည်တို့အနုပညာမောင်နှမတွေကတော့ပြည်သူတွေနဲ့အတူ စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ရင်ဆိုင်နေကြတာဖြစ်ပြီးသူမတို့ရဲ့လုံခြုံရေးကိုလည်း ဂရုစိုက်နေရတာဖြစ်ပါတယ်။

Photo Credit:Khine Thin Kyi’s Facebook Page 
Photo Credit:Khine Thin Kyi’s Facebook Page 
Photo Credit:Khine Thin Kyi’s Facebook Acc/Happy Heart
Photo Credit:Khine Thin Kyi’s Facebook Acc/Happy Heart

ဖေဖော်ဝါရီလ(၂၀)ရက်နေ့ ညပိုင်းမှာ သရုပ်ဆောင်ကိုလူမင်းက ထိန်းသိမ်းခံလိုက်ရတာဖြစ်လို့ အနုပညာရှင်အသိုင်းအဝိုင်းက ဇနီးဖြစ်သူ ခင်စံပယ်ဦးကို အားပေးစကားလေးတွေပြောပေးကြတာဖြစ်ပါတယ်။အခုချိန်ထိလည်း ဘာသတင်းမှမထူးသေးတာကြောင့် မခိုင်လေးကတော့”နေ့တိုင်းဆုတောင်းပေးနေပါတယ်စံပယ်လေးရေစိတ်ထားကောင်းပြီးဘယ်သူ့အပေါ်မှာမှမယုတ်မာခဲ့တဲ့အန်ကယ်လေးနဲ့စံပယ်တို့မိသားစုတွေကိုအရင်လိုပျော်ပျော်ရွှင်နဲ့အတူပြန်မြင်ချင်ပါပြီအားတင်းထားပါနော်”ဆိုပြီး ခင်စံပယ်ဦးကိုအားပေးနှစ်သိမ့်လိုက်တာဖြစ်ပါတယ်။

Photo Credit:Amazing Grace 
Photo Credit:Amazing Grace 
Photo Credit:Khine Thin Kyi’s Facebook Acc
Photo Credit:Khine Thin Kyi’s Facebook Acc

Source&Photo Credit:Khine Thin Kyi’s Facebook Acc

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T