ခင်ပွန်းနဲ့ပတ်သက်ပြီး သူမရဲ့ခံစားချက်တွေကို စိတ်မကောင်းစွာရင်ဖွင့်ပြောကြားလာတဲ့ ခင်စံပယ်ဦး

//s9.kh1.co/89/896ea1372754455e017e74c144e808399da30cca.jpeg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.....

တစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ဒီလှုပ်ရှားမှုကြီးဟာ ခုဆိုရင်ပြည်သူလူထုပါမကျန် အနုပညာရှင်တွေအားလုံးဟာ အတိုက်အခိုက်အန္တရာယ်တွေ ခက်ခဲမှုတွေ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရပေမယ့် နောက်မဆုတ်ဘဲ ရှေ့ဆက်လှမ်းကာ အားတတ်သရော ရရာနေရာကနေ နိုင်သလောက်ပါဝင်နေကြဆဲပါ။ ကမ္ဘာတစ်ဝှမ်းလုံးကလည်း အထူးစိတ်ဝင်စားလျက်ရှိပြီး အချိန်နဲ့တစ်ပြေးညီစောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။

Photo Credit : Ayarwady LuMin Facebook Account
Photo Credit : Ayarwady LuMin Facebook Account
Photo Credit : Ayarwady LuMin Facebook Account
Photo Credit : Ayarwady LuMin Facebook Account

အနုပညာရှင်များကလည်းပြည်သူတွေနဲ့အတူရပ်တည်ကာ လမ်းမပေါ်ထွက်ကာလှုပ်ရှားမှုတွေပြုလုပ်သလို လိုအပ်တဲ့ပစ္စည်းတွေနဲ့ အစားအသောက်အပြင် ခုဆိုရင်ကျဆုံးသွားတဲ့ သူရဲကောင်းလေးတွေကိုလည်း ကူငွေတွေလှူဒါန်းခဲ့တာကြောင့် ပြည်သူအားလုံးက လေးစားနေရတာပါ။ဒါ့အပြင် သူတို့ရဲ့ သိန်းချီတဲ့ Follower တွေကိုအသုံးချကာ နိုင်ငံတကာသိအောင် မှန်ကန်တဲ့သတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီဖြစ်ပျက်သမျှအားလုံးကိုဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

Photo Credit : Ayarwady LuMin Facebook Account
Photo Credit : Ayarwady LuMin Facebook Account
Photo Credit : Ayarwady LuMin Facebook Account
Photo Credit : Ayarwady LuMin Facebook Account

ဒီလိုအားကြိုးမာန်တတ်ပါဝင်ကြတဲ့အနုပညာရှင်တွေထဲမှာ အန်ကယ်လေးလို့အားလုံးကချစ်စနိုးခေါ်ကြတဲ့လူမင်းလည်းပါဝင်ခဲ့ပါတယ်။ခုဆိုရင်လူမင်းဟာ CDM မှာပါဝင်ရန်ဝန်ထမ်းတွေကိုနှိုးဆော်ပေးခဲ့တာကြောင့် ထိန်းသိမ်းခံထားရတာလည်းဖြစ်ပါတယ်။အားလုံးကလူမင်းနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေကြတာလည်းအမှန်ပါပဲ။အခုလည်း ဇနီးဖြစ်သူ ခင်စံပယ်ဦးဟာ ခင်ပွန်းအတွက်အရမ်းစိုးရိမ်ပူပန်ပြီး နေ့စဉ်တိုင်းမျက်ရည်ကျနေရကြောင်းကို " ယောကျ်ားအတွက် စိတ်ပူပြီးငိုရလွန်းလို့ မျက်ရည်တွေတောင်ခမ်းတော့မယ် ဒါပေမယ့်လည်း မယိုင်လဲသွားအောင်ကြိုးစားပြီး အားတင်းထားပါတယ်"ဆိုပြီးရင်ဖွင့်ရေးသားဖော်ပြခဲ့ရာပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Photo Credit : Ayarwady LuMin Facebook Account
Photo Credit : Ayarwady LuMin Facebook Account
Photo Credit : Ayarwady LuMin Facebook Account
Photo Credit : Ayarwady LuMin Facebook Account

Source & Photo Credit : Ayarwady LuMin Facebook Account

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T