ပြည်သူတွေနဲ့အတူ အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်ပါဝင်ပြီး ထိခိုက်ဒဏ်ရာရ လူနာတွေအတွက် အလှူငွေတွေလှူဒါန်းခဲ့တဲ့ အာဘွိုင်း

//s9.kh1.co/de/def12ac2347cab14abac2981f9652248ec63d531.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အဆိုတော်အာဘွိုင်းကတော့ အနုပညာလောကမှာ အထိုက်အလျောက်အောင်မြင်နေပြီး သီချင်းကောင်းတွေလည်းထွက်ရှိထားကာ ပရိသတ်တွေလက်ခံအားပေးနေကြတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်..။

အာဘွိုင်းကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်ကာ တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက်ပါဝင်အားဖြည့်နေတာလည်း ပရိသတ်တွေ တွေ့မြင်ကြရမှာပါနော်..။

Photo Credit - Kyaw Phyo Tun's Fb Acc
Photo Credit - Kyaw Phyo Tun's Fb Acc
Photo Credit - Kyaw Phyo Tun's Fb Acc
Photo Credit - Kyaw Phyo Tun's Fb Acc

အာဘွိုင်းနဲ့ ကြည်သာဟန်တို့သူငယ်ချင်းနှစ်ယောက်ဟာ ပြီးခဲ့တဲ့ရက်တွေကတည်းက တော်လှန်ရေးသူရဲကောင်းတွေအတွက် လှူဒါန်းမှုတွေပြုလုပ်နေတဲ့အပြင် တော်လှန်ရေးတိုက်ပွဲကြီးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူနာတွေအတွက် အလှူငွေတွေလည်း လှူဒါန်းနေတာ ဖြစ်ပါတယ်..။

ထိခိုက်ဒဏ်ရာရလူနာတွေအတွက် အလှူငွေ သိန်း၂၀ ကို လှူဒါန်းခဲ့တဲ့အပြင် မြောက်ဥက္ကလာဖြစ်စဉ်မှာ ဆုံးပါးကွယ်လွန်သွားတဲ့ သူရဲကောင်းတစ်ယောက်ရဲ့ကျန်ရစ်မိသားစုကိုလည်း ထပ်မံပြီးသွားရောက်လှူဒါန်းကူညီဦးမယ့်အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။

Photo Credit - Kyaw Phyo Tun's Fb Acc
Photo Credit - Kyaw Phyo Tun's Fb Acc
Photo Credit - Kyaw Phyo Tun's Fb Acc
Photo Credit - Kyaw Phyo Tun's Fb Acc

"ထိခိုက်ဒဏ်ရာရ လူနာများအတွက် သိန်း၂၀

ယနေ့ ကျနော်နှင့် သူငယ်ချင်း ကိုကြည်သာဟန်တို့မှ ပြုသော အုတ်တစ်ချပ် သဲတစ်ပွင့် အလှူပါခင်ဗျာ။ ??

မနက်ဖြန်ကျရင်လည်း မြောက်ဥက္ကလာဖြစ်စဉ်မှာ ဆုံးပါးသွားတဲ့ ညီလေးတယောက်ရဲ့ကျန်ရစ်သူမိသားစုထံထပ်မံသွားရောက်၍ တတ်အားသရွေ့ကူညီပေးသွားပါဦးမယ်။.." ဆိုပြီး အာဘွိုင်းက ရေးသားပြောပြထားပါ..။

တက်နိုင်တဲ့ဘက်ကနေ လိုအပ်နေတဲ့ပြည်သူတွေကို တစ်ဖက်တစ်လမ်း ဖေးမကူညီပေးနေကြတဲ့ အာဘွိုင်းတို့သူငယ်ချင်းတွေရဲ့ အလှူလေးကြောင့် ပရိသတ်တွေကလည်း အားပေးစကားလေးတွေပြောထားကြတာလည်း တွေ့ရပါတယ်..။

Photo Credit - Kyaw Phyo Tun's Fb Acc
Photo Credit - Kyaw Phyo Tun's Fb Acc
Photo Credit - Kyaw Phyo Tun's Fb Acc
Photo Credit - Kyaw Phyo Tun's Fb Acc

သတင်း အရင်းအမြစ်Kyaw Phyo Tun's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T