ချစ်ပရိသတ်ကြီးရေ.....ဒီတစ်ခါမှာတော့ ရုပ်ရှင် သရုပ် ဆောင် မင်းသမီး ခိုင်နှင်းဝေကတော့ အနုပညာလောကမှာ တစ်ချိန်က အောင်မြင်မှုတွေကို သိမ်းပိုက် ရရှိထားတာ ပဲဖြစ်ပါတယ်။အခုနောက်ပိုင်းတွင် အနုပညာအလုပ်တွေကို ဆက်မလုပ် တော့ပေမယ့်လည်း သူမရဲ့မွန်မြတ်တဲ့ စိတ်ထားနဲ့ ကလေးငယ်လေးတွေကို ပြုစုစောင့်ရှောက်ကာ "ခိုင်နှင်းဝေရင်သွေးလေးများဂေဟာ"ကို ဖွင့်လှစ်ထားတာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးနေကြတုန်း ဖြစ်ပါတယ်။
လတ်တလော အခြေအနေတွေမှာ ပြည်သူပရိသတ်တွေနဲ့ အတူ ရဲဝင့်စွာ တစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင် အားဖြည့်နေတာ ဖြစ်ပါတယ်။ခိုင်နှင်းဝေက လှုပ်ရှားမှုတွင် နေ့တိုင်းမပါဝင်နိုင်ပေမယ့်လည်း သူမတတ်နိုင်တဲ့သလောက် ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် အလှူငွေတွေကို ကိုယ်တိုင်သွားရောက် ကူညီဖေးဖကာ စျာပနာအခမ်းအနားကိုလည်း လိုက်ပို့နေတာကိုလည်း တွေ့ရပါတယ်။သူကိုယ်တိုင်ကလည်း မိသားစုတွေနဲ့ ထပ်တူဝမ်းနည်းကြေကွဲနေတာ ပဲဖြစ်ပါတယ်။
ဒီနေ့မှာဆိုရင်လည်း ခိုင်နှင်းဝေက "မြောက်ဥက္ကလာ မှ ကျည်ဆံထိမှန်ပြီး ကျဆုံးသွားသော သူရဲကောင်း (၂)ဦးအတွက် တစ်ဦးလျှင် (၁၀) သိန်းကျပ် ဖြင့် ကျပ်သိန်း (၂၀) အား အုတ်ဂူဆောက်လုပ်ရန် လှုဒါန်းပေးခဲ့ပါတယ်ရှင်...မိသားစုများမှာ ချို့တဲ့ကာ ကိုယ်ဝန်သည် ၊ ကလေးငယ်များနှင့် ကျန်ရစ်ခဲ့ပြီး အုတ်ဂူဆောက်ရန် အတွက် အခက်အခဲ ဖြစ်နေသောကြောင့် ကျမတို့ တတ်နိုင်သလောက် လှူဖြစ်ခဲ့ပါတယ်..ကောင်းရာ သုဂတိ လားကြပါစေရှင်..???....."ဆိုပြီး ရေးသားကာ လှူဒါန်းနေတဲ့ ပုံရိပ်တွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ ခိုင်နှင်းဝေရဲ့ အလှူလေးကို သာဓုခေါ်ပေးနိုင်ဖို့အတွက် ပြန်လည် မျှဝေပေးရင်း လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပြည်သူတွေလည်း ဘေးကင်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်???
သတင်း အရင်းအမြစ်៖ Khine Hnin Wai FB Account