မြောက်ဥက္ကလာက လူထုလှုပ်ရှားမှုကြောင့် ဦးခေါင်းထိကာ သေဆုံးခဲ့ရတဲ့ ကိုဖိုးချစ်တို့ မိသားစုထံ အလှူငွေများစွာသွားရောက်လှူဒါန်းခဲ့တဲ့ ဝါဆိုနဲ့ ဖြိုးလေး

//s9.kh1.co/50/5059d1c1783f3a8700ef040bae1e97e90b6f572f.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေက လိုက်ဖက်တဲ့ စုံတွဲတွေအဖြစ် သတ်မှတ်ထားကြသူတွေထဲမှာမှ သရုပ်ဆောင် ဝါဆိုမိုးဦးနဲ့ အဆိုတော် ဖြိုးလေးတို့ ချစ်သူနှစ်ယောက်ကလည်း အပါအဝင်ပါနော်။ အမြဲလိုက်ဖက်ညီပြီး စိတ်သဘောထားချင်းတိုက်ဆိုင်တဲ့ သူတို့နှစ်ယောက်က အနုပညာလှုပ်ရှားမှုတွေမှာလည်း အတူတွဲဖက်လုပ်ကိုင်နေသလို လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာလည်း အတူတူလမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ 

Photo Credit - Warso Moe Oo's FB account
Photo Credit - Warso Moe Oo's FB account

အပင်ပန်းခံကာ တရားမျှတမှု့အတွက် လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ တောင်းဆိုနေရုံသာမကပဲ တော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်လည်း ငွေကြေးအင်အားနဲ့ အလှူပြုခဲ့ပါသေးတယ်။

ဝါဆိုနဲ့ ဖြိုးလေးတို့ ချစ်သူနှစ်ယောက်က ဦးစီးကာ မြောက်ဥက္ကလာမှာ သေဆုံးခဲ့ရတဲ့ မိသားစုအတွက် အလှူငွေများစွာကို ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။ 

Photo Credit - Warso Moe Oo's FB account
Photo Credit - Warso Moe Oo's FB account
Photo Credit - Warso Moe Oo's FB account
Photo Credit - Warso Moe Oo's FB account

ချစ်သူ ဖြိုးလေးနဲ့အတူ လှူဒါန်းခဲ့တဲ့ ပုံတွေကို ဝါဆိုက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလာရင်း " မ/ဥမှာ ကျည်အတွဲလိုက်ထိ ခေါင်းထိ ကျဆုံးသူ ကိုဖိုးချစ် မိသားစုကို သွားရောက်လှူဒါန်းခဲ့ပါတယ် ဝါဆိုနဲ့ အတူပါဝင်လှူဒါန်းပေးကြသောအလှူရှင်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင် အလှူငွေစုစုပေါင်း လေးဆယ့်နှစ်သိန်း၈သောင်းခြောက်ထောင်ပါ " ဆိုပြီး များပြားလှတဲ့ ငွေကြေးတွေကို သွားရောက်အလှူပြုခဲ့တာဖြစ်လို့ ပရိသတ်တွေကြည့်ရှုပြီး ပီတိဖြစ်မိစေမှာ အသေအချာပဲ ဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ 

Photo Credit - Warso Moe Oo's FB account
Photo Credit - Warso Moe Oo's FB account
Photo Credit - Warso Moe Oo's FB account
Photo Credit - Warso Moe Oo's FB account

သတင်း အရင်းအမြစ်Source - Warso Moe Oo's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T