ကွယ်လွန်သွားကြတဲ့သူရဲကောင်းတွေရဲ့မိသားစုဝင်များအားအလှူငွေပေးအပ်တဲ့အခါဓာတ်ပုံမရိုက်ကြဖို့တောင်းဆိုလိုက်တဲ့ မေတိုးခိုင်

//s9.kh1.co/b2/b2aacbfc2b4475f84838f792084395495fdcef0b.jpeg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်  မင်းသမီး  မေတိုးခိုင်ကတော့  အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်ရင်း  ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိထားသူတစ်ဦးပဲ  ဖြစ်ပါတယ်။  လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း  ပြည်သူတွေနဲ့အတူ  တစ်တပ်တစ်အား  ပူးပေါင်းပါဝင်ဆောင်ရွက်နေတာလည်း  ဖြစ်ပြီး မြန်မာပြည်ကြီး အမြန်ဆုံး   ငြိမ်းချမ်းအောင်လည်း  ဆုတောင်းပေးနေတာလည်း  ဖြစ်ပါတယ်။ 

Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 

မေတိုးခိုင်ကတော့  ပြည်သူ့ဝန်ထမ်းတွေအတွက်လည်း  ကူညီထောက်ပံ့ပေးနေတာကြောင့်လည်း  ပရိသတ်တွေက  လေးစားအားကျနေကြတာလည်း  ဖြစ်ပါတယ်။  လက်ရှိဖြစ်နေတဲ့  အခြေအနေနဲ့  ပတ်သတ်ပြီးတိကျတဲ့  သတင်းအချက်အလက်တွေကိုလည်း  သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်  ဝေမျှပေးနေတာလည်း  ဖြစ်ပါတယ်။  ဒါ့အပြင်  ဒီတော်လှန်ရေးမှာ  အသက်ပေးသွားကြတဲ့  သူရဲကောင်းတွေရဲ့မိသားစုဝင်များအတွက်လည်း အလှူငွေတွေ  လှူဒါန်းပေးနေတာလည်း  ဖြစ်ပါတယ်။

Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 

မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  မေတိုးခိုင်ရဲ့Facebook Story တွင်  ကွယ်လွန်သွားကြတဲ့သူရဲကောင်းတွေရဲ့မိသားစုဝင်များအားအလှူငွေပေးအပ်တဲ့အခါဓာတ်ပုံမရိုက်ကြဖို့တောင်းဆိုလိုက်တာပဲ  ဖြစ်ပါတယ်။  " ပရဟိတသမားတွေကို တောင်းပန်ပါတယ် သေဆုံးသူတွေရဲ့  မိဘဆွေမျိုးတွေနဲ့ ဓာတ်ပုံရိုက်ပြီးမှ  မလှူကြပါနဲ့လားမခံစားနိုင်လို့ပါ မိဘကသားသမီးတွေရဲ့ လှူဒါန်းငွေကို ကင်မရာကြည့်ပြီးမှ ယူရတာစိတ်မကောင်းလို့ပါရှင် " လို့ရေးသားထားပြီး  ပရိသတ်တွေအတွက်  ဒီသတင်းလေးကို  တစ်ဆင့်  ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်။

Source and Photo Crd-Maytoekhine.mtk’s Facebook Page and IG Account

Photo Crd-May Toe Khine’s Facebook Page 
Photo Crd-May Toe Khine’s Facebook Page 
Photo Crd-Maytoekhine.mtk’s IG Account
Photo Crd-Maytoekhine.mtk’s IG Account
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T