စိုင်းစိုင်းကို အထင်လွဲနေတဲ့ ပရိသတ်တစ်ဦးကိုယ်တိုင် အမှန်တရားကိုဝန်ခံလိုက်တဲ့ စိုင်းစိုင်းရဲ့ အကြောင်း

//s9.kh1.co/6a/6a0f9878aeb651d807f3f7b7da59c05963185d19.jpeg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

စိုင်းစိုင်းကို အထင်လွဲနေတဲ့ ပရိသတ်တစ်ဦးကိုယ်တိုင် အမှန်တရားကိုဝန်ခံလိုက်တဲ့ စိုင်းစိုင်းရဲ့ အကြောင်း

အနုပညာရှင်တစ်ယောက်အနေနဲ့ ပြည်သူတွေနဲ့အတူ တစ်တပ်တစ်အား ပူးပေါင်းနေတဲ့ စိုင်းစိုင်းခမ်းလိုင်ကတော့လူထုလှုပ်ရှားမှုတွေမှာ နေ့တိုင်းပါဝင်နေတာဖြစ်ပါတယ်။စိုင်းစိုင်းခမ်းလိုင်က လမ်းမပေါ်ထွက်ပြီးတော့လည်း မပင်မပန်းလှုပ်ရှားနေကြတဲ့ ပြည်သူတွေအတွက် စားစရာ၊သောက်စရာတွေကို တစ်နိုင်တစ်ပိုင်လှူဒါန်းသေးတာဖြစ်ပါတယ်။စိုင်းစိုင်းက ပြည်သူတွေနဲ့တစ်သားတည်းရှိကာ လူအုပ်တွေကြားထဲဝင်ထိုင်ပြီးတော့လည်း လက်ရှိအခြေအနေကို ပြတ်ပြတ်သားသားရင်ဆိုင်နေတာဖြစ်ပါတယ်။စိုင်းစိုင်းကတော့ အခုလိုကာလမှာအကူအညီလိုအပ်နေတဲ့သူတွေကိုလည်း တစ်ထောင့်တစ်နေရာကနေ ကူညီဖေးမပေးတာဖြစ်ပါတယ်။

Photo Credit:Sai Sai Kham Leng’s FB Page
Photo Credit:Sai Sai Kham Leng’s FB Page
Photo Credit:Sai Sai Kham Leng’s  FB Page
Photo Credit:Sai Sai Kham Leng’s  FB Page
Photo Credit:Sai Sai Kham Lang’s FB Page
Photo Credit:Sai Sai Kham Lang’s FB Page

အခုရက်ပိုင်းတွေမှာဆိုရင် လူထုလှုပ်ရှားမှုမှာပါဝင်ရင်း အသက်ပေးသွားကြရတဲ့ သူရဲကောင်းတွေလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။ပြည်သူလူထုကတော့ ကျဆုံးသွားတဲ့လူငယ်တွေရဲ့ မိသားစုကို တတ်နိုင်သလောက်စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။ဒီနေ့မှာဆိုရင် စိုင်းစိုင်းက (၃.၃.၂၀၂၁)ရက်၊ဗုဒ္ဓဟူးနေ့မှာ ကျဆုံးသွားတဲ့မောင်မင်းဦးရဲ့ ကျန်ရစ်သူမိသားစုဆီကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့ပြီး လိုအပ်တာကိုကူညီထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။မောင်မင်းဦးကတော့ အသက်(၂၁)အရွယ်ပဲရှိသေးပြီး အစောဆုံးကြွေလွင့်သွားခဲ့ရလို့ ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ပြည်သူလူထုက ဖြည်မဆည်နိုင်အောင် ဝမ်းနည်းနေကြတာဖြစ်ပါတယ်။

Photo Credit:Sai Sai Kham Leng’s  FB Page
Photo Credit:Sai Sai Kham Leng’s  FB Page
Photo Credit:Sai Sai Kham Leng’s FB Page
Photo Credit:Sai Sai Kham Leng’s FB Page
Photo Credit:Sai Sai Kham Leng’s  FB Page 
Photo Credit:Sai Sai Kham Leng’s  FB Page 

စိုင်းစိုင်းခမ်းလိုင်ကလည်း မြောက်ဥက္ကလာပ(၂)ရပ်ကွက်မှာရှိတဲ့ ကျန်ရစ်သူမိသားစုရဲ့နေအိမ်ကို သွားပြီး အားပေးစကားလေးတွေပြောကာ ဖော်ဖော်ရွေရွေဆက်ဆံခဲ့တာဖြစ်ပါတယ်။စိုင်းစိုင်းကလည်း အခုလိုကာလမျိုးမှာ တတ်နိုင်တဲ့ဘက်ကနေကူညီပေးပြီး ပြည်သူတွေအတွက်အဆင်သင့်ရှိနေတာဖြစ်ပါတယ်။ကျန်ရစ်သူမိသားစုကလည်း အခုလိုမျိုးနိုင်ငံကျော်အနုပညာရှင်က လာရောက်ဖေးမပေးလို့ ပိုအားတက်သွားပြီး ကိုယ့်မိသားစုဝင်လိုမျိုး ငိုယိုရင်ဖွင့်နေတာပဲဖြစ်ပါတယ်။

Photo Credit:Khin Saung Hmue’s FB Acc
Photo Credit:Khin Saung Hmue’s FB Acc
Photo Credit:Khin Saung Hmue’s FB Acc
Photo Credit:Khin Saung Hmue’s FB Acc
Photo Credit:Khin Saung Hmue’s FB Acc
Photo Credit:Khin Saung Hmue’s FB Acc

စိုင်းစိုင်းရဲ့ပရိသတ်တစ်ယောက်ကတော့“ကျွန်တော်စိုင်းစိုင်းရဲ့အမာခံပရိတ်သတ်ပါ ပြီးတော့သူ့ကိုအရမ်းစိတ်ဆိုးနေတဲ့လူတစ်ယောက်ပါ။သူနဲ့ပတ်သက်တဲ့ GPတွေအကုန်ထွက်ထားတဲ့အထိစိတ်ဆိုးနေတာပါ။ဒီနေ့ကျွန်တော်တို့လိုအညတရ လမ်းလေးထဲကို ကိုယ်တိုင်ကိုယ်ကျလာလှူပေးလိမ့်မယ်လို့လည်း မထင်ထားမိတာအမှန်ပါ ဒါကြောင့်အရမ်းကျေးဇူးတင်ပါတယ် ။သေချာလက်ဆွဲနှုတ်ဆက်ပြီးလည်း စိတ်ဆိုးခဲ့တဲ့အကြောင်း တောင်းပန်ပါတယ်ဆိုတဲ့အကြောင်း အခုလိုလမ်းလေးထဲကိုယ်တိုင်လာလှူပေးခဲ့လို့ ကျေးဇူးအရမ်းတင်ရသလို ဆက်ပြီးလည်းအားပေးသွားပါမယ်လို့လည်းကတိပေးလိုက်ပါတယ်။သူကလည်း ရပါတယ် ကျွန်တော်လည်းစိတ်မကောင်းတော်တော်ဖြစ်နေပါတယ် ကျွန်တော်တတ်နိုင်တဲ့ဘက်က လိုက်လှူပေးနေပါတယ်လို့ သူ့ထုံးစံအတိုင်း တရိုတသေကိုပြန်ပြောပါတယ်။ပြန်ခါနီးတောင်ကျွန်တော့်ကို တရိုတသေနှုတ်ဆက်သွားရှာပါတယ်။ကျွန်တော် ဝန်ခံပါတယ် အခုလိုအပြင်မှာကိုယ်တိုင်မကြုံလိုက်ရရင် သူ့ကိုဆက်ပြီးအထင်လွဲနေဦးမှာပါပဲ သူ့မျက်ဝန်းထဲမှာလည်းနီရဲပြီးဝမ်းနည်းနေတာတွေ‌တွေ့ရလိုက်ပါတယ်။အိမ်ရှင်တွေကိုယ်စား ကျွန်တော်တို့တစ်လမ်းလုံးကိုယ်စားကျေးဇူးအရမ်းတင်ပါတယ်ဦးဦးစိုင်းစိုင်းခင်မျာ  မင်းဦးကောင်းရာသုဂတိကသာဓုခေါ်ဆိုနိုင်ပါစေ”ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Khin Saung Hmue’s FB Acc
Photo Credit:Khin Saung Hmue’s FB Acc
Photo Credit:Khin Saung Hmue’s FB Acc
Photo Credit:Khin Saung Hmue’s FB Acc
Photo Credit:Khin Saung Hmue’s FB Acc
Photo Credit:Khin Saung Hmue’s FB Acc

Source&Photo Credit:Khin Saung Hmue’s FB Acc/Sai Sai Kham Leng’s FB page

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T