မန္တလေးမြို့က လူထုလှုပ်ရှားမှုမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် တစ်ဦးကို ငွေကျပ် ၁၀သိန်းစီ လှူဒါန်းခဲ့တဲ့ စမိုင်းလ်

//s9.kh1.co/dc/dc9c0b98f5cbd30e4866321e05337118570bb8d4.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးကြီး စမိုင်းလ်ကတော့ အလှူအတန်း ရက်ရောသူပီပီ လူထုလှုပ်ရှားမှုမှာ ကျဆုံးခဲ့ရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက် ငွေကြေးအင်အားနဲ့ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တက်တက်ကြွကြွ ပါဝင်ရပ်တည်ခဲ့တဲ့ စမိုင်းလ်ကို ပရိသတ်တွေက အရင်ကထက် အချစ်ပိုရတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Smile စမိုင်းလ်'s FB Page
Photo Credit - Smile စမိုင်းလ်'s FB Page
Photo Credit - Smile စမိုင်းလ်'s FB Page
Photo Credit - Smile စမိုင်းလ်'s FB Page

ဒါ့အပြင် စမိုင်းလ်က လူထုလှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေကို စားသောက်စရာတွေလှူဒါန်းလေ့ရှိတာဖြစ်ပြီး တစ်ထောင့်တစ်နေရာကနေလည်း သူမကိုယ်တိုင် ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ တော်လှန်ရေးမှာ သေဆုံးခဲ့ရတဲ့ အနယ်အနယ်အရပ်ရပ်က သူတွေအတွက်လည်း ငွေကြေးများစွာနဲ့ လှူဒါန်းဖို့ ပြင်ဆင်နေခဲ့တာဖြစ်ပြီး ယနေ့မှာတော့ သူမရဲ့ ဖေ့ဘွတ်စာမျက်နှာထက်မှာ အခုလိုရေးသားလာခဲ့ပါတယ်။

Photo Credit - Smile စမိုင်းလ်'s FB Page
Photo Credit - Smile စမိုင်းလ်'s FB Page
Photo Credit - Smile စမိုင်းလ်'s FB Page
Photo Credit - Smile စမိုင်းလ်'s FB Page

ဒါကတော့ စမိုင်းလ်က "မန္တလေးမှာကျဆုံးသွားတဲ့သူရဲကောင်းများအတွက် တစ်ဦးလျှင် ၁၀သိန်းစီနဲ့ ၁၁ယောက်စာ သိန်း၁၁၀ မနေ့ကလှူဒါန်းခဲ့တယ်။ ကျန်ရှိနေတဲ့မြို့တွေကိုလည်းလှူနိုင်အောင်ကြိုးစားနေပါတယ်နော် " ဆိုတဲ့ အလှူပြုစာသားလေးကို ရေးသားတင်ပေးလာခဲ့ပါတယ်။ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ မန္တလေးမြို့က အာဇာနည်သူရဲကောင်းတွေကို ငွေကြေးအင်အားနဲ့ ကူညီကာ အလှူပြုနေခဲ့တဲ့ စမိုင်းလ်တို့ မိသားစုရဲ့ ပုံတွေနဲ့ စာသားတွေကို ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Photo Credit - Smile စမိုင်းလ်'s FB Page
Photo Credit - Smile စမိုင်းလ်'s FB Page
Photo Credit - Smile စမိုင်းလ်'s FB Page
Photo Credit - Smile စမိုင်းလ်'s FB Page

သတင်း အရင်းအမြစ်Source- Smile စမိုင်းလ်'s FB Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T