မီးရထားဝန်ထမ်းတွေခက်ခဲနေကြလို့ ပေါ်ဆန်းမွှေး(၈၈)အိတ်နဲ့ ထမင်းဘူး(၁၂၅)ဘူးကို သွားရောက်လှူဒါန်းခဲ့ကြတဲ့နေဆန်းတို့ဇနီးမောင်နှံ

//s9.kh1.co/18/18c1bcd4bb479a3b7f6f1f20c64cb38b9b087cee.jpeg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မီးရထားဝန်ထမ်းတွေခက်ခဲနေကြလို့ ပေါ်ဆန်းမွှေး(၈၈)အိတ်နဲ့ ထမင်းဘူး(၁၂၅)ဘူးကို သွားရောက်လှူဒါန်းခဲ့ကြတဲ့နေဆန်းတို့ဇနီးမောင်နှံ

ရုပ်ရှင်သရုပ်ဆောင်နေဆန်းကတော့ ချစ်စရာသားသမီးလေးတွေကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်အေးချမ်းတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။နေဆန်းတို့ဇနီးမောင်နှံက “နယူးချစ်တီး”ဆိုတဲ့ မြန်မာထမင်းဟင်းဆိုင်ကိုလည်း ဖွင့်လှစ်ထားပြီး လူတန်းစားမရွေး စားသုံးနိုင်အောင်လို့ စျေးသက်သက်သာသာနဲ့ ရောင်းချနေတာဖြစ်ပါတယ်။နေဆန်းတို့ရဲ့ထမင်းဆိုင်လေးမှာ ဝယ်ယူစားသုံးကြတဲ့သူတွေများပြားလို့ အမြဲတမ်းရောင်းကောင်းနေတာဖြစ်ပါတယ်။နေဆန်းတို့ဇနီးမောင်နှံကတော့ လက်ရှိမှာဆိုရင် ပြည်သူလူထုအတွက် စားသောက်ရေးမပူရအောင်လို့ အစားအသောက်တွေကို လှူဒါန်းပေးနေတာဖြစ်ပါတယ်။

Photo Credit:နယူးချစ်တီး Facebook page 
Photo Credit:နယူးချစ်တီး Facebook page 
Photo Credit:နယူးချစ်တီး Facebook page 
Photo Credit:နယူးချစ်တီး Facebook page 
Photo Credit:နယူးချစ်တီး Facebook page 
Photo Credit:နယူးချစ်တီး Facebook page 

နေဆန်းတို့ဇနီးမောင်နှံက နေ့တိုင်းလမ်းမပေါ်ထွက်ပြီးတော့လည်း ပြည်သူတွေနဲ့တစ်စိတ်တစ်ဝမ်းတည်းရှိကာတတ်နိုင်တဲ့ဘက်ကနေ ပါဝင်အားဖြည့်ပေးနေတာဖြစ်ပါတယ်။နေဆန်းတို့က အလှူအတန်း၊အပေးအကမ်းရက်ရောတာကြောင့် လမ်းပေါ်မှာလှုပ်ရှားနေကြတဲ့ လူထုအတွက် နေ့တိုင်း စားစရာ၊သောက်စရာတွေကို လိုက်ဝေပေးတာဖြစ်ပါတယ်။လတ်တလောအခြေအနေတွေမှာဆိုရင် ပြည်သူလူထုတချို့လည်း အလုပ်တွေရပ်နားထားတာကြောင့်စားဝတ်နေရေးတွေခက်ခဲနေကြတာဖြစ်ပါတယ်။ပြည်သူတွေကလည်း အကူအညီလိုအပ်နေတဲ့သူတွေကိုတတ်အားသ၍ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။

Photo Credit:နယူးချစ်တီး Facebook page 
Photo Credit:နယူးချစ်တီး Facebook page 
Photo Credit:နယူးချစ်တီး Facebook page 
Photo Credit:နယူးချစ်တီး Facebook page 

မြန်မာ့မီးရထားဝန်ထမ်းတချို့ကလည်း အခုလိုအချိန်မျိုးမှာ အရမ်းခက်ခဲနေကြတာကြောင့် ပြည်သူလူထုကတော့သူတို့တွေမပူပင်ရအောင် တတ်နိုင်သလောက်လှူဒါန်းကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း နေဆန်းတို့ဇနီးမောင်နှံက”တိုးကြောင်ကလေးဘူတာသို့ ဝန်ထမ်းတွေအရမ်းခက်ခဲနေလို့ကူညီနိုင်ရင်ကူညီပါဆိုပြီးကျွန်မတို့ရဲ့Pageကိုmessage ဝင်လို့ ဒီနေ့သွားခဲ့တာပါ။ဝန်ထမ်းများအတွက် ပေါ်ဆန်း(3)ပြည်ပါ (88)အိတ်၊ထမင်းဘူး (125)ဘူး သွားရောက်လှူဒါန်းပါတယ်။အလှူရှင်များလည်းကျန်းမာပါစေ။ကုသိုလ် အမျှ အမျှ အမျှပါ။”ဆိုပြီး တစ်တပ်တစ်အားလှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။

Photo Credit:နယူးချစ်တီး Facebook page 
Photo Credit:နယူးချစ်တီး Facebook page 
Photo Credit:နယူးချစ်တီး Facebook page 
Photo Credit:နယူးချစ်တီး Facebook page 
Photo Credit:နယူးချစ်တီး Facebook page 
Photo Credit:နယူးချစ်တီး Facebook page 

Source&Photo Credit:နယူးချစ်တီး Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T