လူထုလှုပ်ရှားမှုလုပ်ရင်းနဲ့ ပရိသတ်တစ်ယောက်ရဲ့အမေကငိုယိုပြီး သူ့သားလေးကိုအရှေ့မထွက်ဖို့တားခိုင်းတာကြောင့် ကိုယ်တိုင်လိုက်ရှာပေးခဲ့ရတဲ့ G Fatt

//s9.kh1.co/44/4435cd219128c31613fbb3062d23faf15562d314.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

လူထုလှုပ်ရှားမှုလုပ်ရင်းနဲ့ ပရိသတ်တစ်ယောက်ရဲ့အမေကငိုယိုပြီး သူ့သားလေးကိုအရှေ့မထွက်ဖို့တားခိုင်းတာကြောင့် ကိုယ်တိုင်လိုက်ရှာပေးခဲ့ရတဲ့ G Fatt

ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေကိုတက်တက်ကြွကြွ လုပ်ဆောင်နေတဲ့ အနုပညာရှင်တွေနဲ့ ဂီတလောကသားတွေထဲမှာ အဆိုတော် G Fatt ကလည်း တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ် ။ G Fatt ကတော့ နေ့တိုင်းနီးပါးဆိုသလို လမ်းပေါ်ကိုထွက်ပြီး ပြည်သူတွေရဲ့အရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးနေတာ ဖြစ်ပါတယ် ။ G Fatt က သံချပ်တွေကို အားအင်အပြည့်နဲ့ ကြွေးကြော်ပြီး ရင်တွင်းဆန္ဒတွေကို အားလုံးနဲ့အတူ အပီအပြင်တောင်းဆိုနေတာပဲ ဖြစ်ပါတယ် ။

Photo Credit -G Fatt's FB Acc
Photo Credit -G Fatt's FB Acc
Photo Credit -G Fatt's FB Acc
Photo Credit -G Fatt's FB Acc

G Fatt က လူထုလှုပ်ရှားမှုမှာပါဝင်ရင်းနဲ့ လမ်းပေါ်မှာတွေ့တဲ့ အမှိုက်တွေကို အိတ်နဲ့လိုက်ကောက်ပေးခဲ့သေးတာလည်း ဖြစ်ပါတယ် ။ မကြာခင်ရက်ပိုင်းကတော့ G Fatt က သူနဲ့အတူပါဝင်လှုပ်ရှားနေတဲ့ ပြည်သူတွေကို စိတ်ခွန်အားတက်ကြွစေဖို့ သီချင်းတွေ သီဆိုပြခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း G Fatt က "သံပုံးတွေတီးကြပြီ သူရဲ​ကောင်းတို့​ရေ အာဇာနည်​တွေ​နေတဲ့တိုင်းပြည်တဲ့ ဖ​ယောင်းတိုင်​တွေထွန်းပြီးရင် သူတို့အော်ကြလိမ့်ဦးမယ် တကယ်ကိုအာဇာနည်​တွေ​နေတဲ့တိုင်းပြည်ပါပဲ စစ်သားနဲ့ရဲ​တွေမလာခင်ကန်​ကြောက်ပြီး အကြို​လေ့ကျင့်ကြ​တော့ ဒိုင်းကိုင်ထားတဲ့ညီ​လေး​တွေက "ကို G Fatt တကယ်ကန်ဗျာတဲ့ ဒါမှဟို​ကောင်​တွေလာရင် ကျွန်​တော်တို့မ​ကြောက်ဘဲကျင့်သားရ​နေမှာတဲ့" တိုင်းပြည်ရဲ့အနာဂါတ်၂၀ပတ်ချာလည်​လေး​တွေ​ပေါ့ ပြန်​တွေးရင်စိတ်မ​ကောင်းဖြစ်ရပါတယ်"

Photo Credit -G Fatt's FB Acc
Photo Credit -G Fatt's FB Acc
Photo Credit -G Fatt's FB Acc
Photo Credit -G Fatt's FB Acc

"ဒီ​နေ့ ပရိသတ်ညီ​လေးတစ်​ယောက်ရဲ့အ​မေက ငိုလို့ဖုန်းဆက်လာတယ် သားရယ် မင်းညီ​လေးကိုတားပါဦး မနက်တည်းက ဝတ်စုံ​တွေအပြည့်ဝတ်လို့ ထွက်သွားတယ် တားလို့လည်းမရဘူးတဲ့ ကိုယ့်မှာသပိတ်စစ်​ကြောင်းဆီအမြန်​​ပြေးလို့ အဲ့က​လေးကိုလိုက်ရှာရတယ် သူ့အ​မေကိုလည်းနှစ်သိမ့်​ရင်း​ပေါ့ .. မိဘပဲ​လေ ဘယ်စိတ်ချမလဲ သပိတ်​ကြောင်းဆီ ငိုရင်းလိုက်လာတယ် " သူ့ကိုအဲ့ Defance လိုင်းမှာမ​နေဖို့​ပြောပါသားရယ်တဲ့ က​လေးကပြန်​ပြောတယ် "သားလုပ်ချင်လို့ပါတဲ့ အမေငိုမ​နေနဲ့တဲ့"ကျွန်​တော့်မှာ ပြောစရာစကားလုံးမရှိ​တော့ဘူး လူငယ်​တွေရင်ထဲက အမှန်တရားမြတ်နိုးစိတ်​တွေ​လေ လူကြီး​တွေရင်ထဲက စိုးရိမ်ပူပန်မှု​​တွေ​လေ မိဘ​လေ ပူပန်ရှာမှာ​ပေါ့ လူငယ်​လေ ​တော်လှန်ချင်မှာ​ပေါ့ ဘယ်သူ့မှ မမှားတဲ့ ​မေတ္တာတရား​တွေရယ်ပါ ။ အ​ရေး​တော်ပုံ​အောင်ပါ​စေ​တော့​လေ ။" ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ G Fatt က စိုးရိမ်ပူပန်တတ်တဲ့မိဘတွေနဲ့ တော်လှန်ချင်စိတ်ပြင်းပြတဲ့ သားသမီးတွေကြားက အဖြစ်အပျက်လေးကို သူမြင်ခဲ့ရတဲ့အတိုင်း ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ် ။

Source & Photo Credit -G Fatt's FB Acc

Photo Credit -G Fatt's FB Acc
Photo Credit -G Fatt's FB Acc
Photo Credit -G Fatt's FB Acc
Photo Credit -G Fatt's FB Acc
Photo Credit -G Fatt's FB Acc
Photo Credit -G Fatt's FB Acc
Photo Credit -G Fatt's FB Acc
Photo Credit -G Fatt's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T