ဒီနေ့ အထူးသတိထားပါ နော်..နောက်ဆုတ်သင့်ရင် ဆုတ်..ပါ ဆိုတဲ့ အကြောင်းလေးကို စိတ်ပူလို့ပြောပြပေးလာတဲ့ မိစန္ဒီ

//s9.kh1.co/d5/d51140523b2dee16a952cac33fd6695dc781efa2.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ......အမိုက်စားသီချင်းကောင်းတွေကို သီဆိုဖျော်ဖြေတတ်ပြီး အလန်းစား မိမိုက်နေတဲ့ ကိုယ်ပိုင်စတိုင်လ်တွေကြောင့် လူငယ်များကြားတွင် ရေပန်းစားနေတဲ့ သူကတော့ မိစန္ဒီ ပဲဖြစ်ပါတယ်။ဟန်ဆောင်မှုမရှိပဲ ပွင့်လင်းတတ်တဲ့ မိစန္ဒီက ဂီတလောကတွင် အောင်မြင်မှုတွေများစွာကို သိမ်းပိုက် ရရှိထားတဲ့ အပြင် သူမရဲ့သီချင်းအသစ်တွေကလည်း မကြာသေးခင်ကပဲ ထွက်ရှိထားကာ ပရိသတ်တွေရဲ့အားပေးနားဆင်ကြည့်ရှုမှုကို ထပ်မံရရှိထားတာ ပဲဖြစ်ပါတယ်။

Photo Credit -Mi Sandi FB Page
Photo Credit -Mi Sandi FB Page
Photo Credit -Mi Sandi FB Page
Photo Credit -Mi Sandi FB Page

လက်ရှိမှာတော့ ဖေဖော်ဝါရီ (၁)ရက်နေ့က စပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အ​ခြေအနေတစ်ရပ်ကြောင့် ပြည်သူပြည်သားများအားလုံးက တရားမျှတတဲ့ အမှန်တရားရရှိရေးအတွက် လူထုလှုပ်ရှားမှုတွေကို ပြုလုပ်လာခဲ့ရာ ယခု မတ်လထဲ ရောက်ရှိလို့ လာတာဖြစ်ပြီး အရှိန်အဟုန်အားကောင်းလာသလို တစ်ဖက်တွင်လည်း မမျှော်လင့်ပဲ ကျဆုံးသွားတဲ့ နိုင်ငံ့သူရဲကောင်းတွေကလည်း ရှိလာတာ ဖြစ်လို့ လူအများ ဝမ်းနည်းကြေကွဲနေကြတာ ပဲဖြစ်ပါတယ်။မိစန္ဒီကလည်း ပြည်သူထဲက ပြည်သူပဲမို့ လူထူလှုပ်ရှားမှုတွင် နေ့စဥ်မပျက် လမ်းမပေါ်ထွက်ကာ ငြိမ်းချမ်းစွာ ရင်ထဲက ဆန္ဒအမှန်ကို ဖော်ထုတ်နေတာ ဖြစ်ပါတယ်။

Photo Credit -Mi Sandi FB Page
Photo Credit -Mi Sandi FB Page
Photo Credit -Mi Sandi FB Page
Photo Credit -Mi Sandi FB Page

ဒီနေ့မှာတော့ မိစန္ဒီက "ဒီနေ့ အထူးသတိထားပါ နော်..ဆုတ်သင့်ရင် ဆုတ်..သူတို့ကို တွေ့တာနဲ့ လူစုခွဲ ပြီး ဆုတ်လိုက်တော့နော်..ပြီးမှ ပြန်ပြ..ထိပ်တိုက် မတွေ့နဲ့တော့ နော်.. ဖြေးဖြေးချင်းဆုတ် ပြီး ပြေးသာပြေးနော်..နောက်မှနေမယ့် ဆန္ဒဖော်ထုတ်မယ့်သူများ sign board၊ vinyl လေးတွေ မဖြစ်မနေ ပါအောင် ယူသွားပါနော်.. international media တွေမှာ လူအုပ်ကြီးတွေထက် ပေးချင်တဲ့ message တွေကို ပြဖို့ အရေးကြီးလို့ပါ.. အားလုံး အဆင်ပြေကြပါစေ..????????"ဆိုပြီး ပြည်သူပရိသတ်တွေကို စိတ်ပူလို့ သူမရဲ့ လူမူကွန်ယက်စာမျက်နှာထက်တွင်ရေးသားဖော်ပြခဲ့တာ ဖြစ်တာကြောင့် ပြန်လည်ကူးယူ မျှဝေပေးလိုက်ပါတယ်။

Photo Credit -Mi Sandi FB Page
Photo Credit -Mi Sandi FB Page
Photo Credit -Mi Sandi FB Page
Photo Credit -Mi Sandi FB Page

သတင်း အရင်းအမြစ်Mi Sandi FB Page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T