ဆိုရှယ်မီဒီယာထက်တွင်ပျောက်ကွယ်နေပေမယ့်လည်းပြည်သူ့ဝန်ထမ်းတွေအတွက်အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးနေတဲ့ လင်းလင်း

//s9.kh1.co/ba/baf5e98e53cdb6919592855392ac4d4a290c0e6c.jpeg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်  လင်းလင်းကတော့  သီချင်းတွေကို  ကိုယ်တိုင်ဖန်တီးရေးသားသီဆိုသူတစ်ယောက်ဖြစ်တာကြောင့်  တစ်နိုင်ငံလုံးက  ပရိသတ်တွေရဲ့  တစ်ခဲနက်  အားပေးမှုတွေကို  သိမ်းပိုက်ရရှိထားတာလည်း  ဖြစ်ပါတယ်။  မြန်မာနိုင်ငံတွင်  လက်ရှိဖြစ်ပေါ်နေတဲ့  လူထုလှုပ်ရှားမှုတွေမှာလည်း  ကျရာအခန်းကဏ္ဍကနေ  တာဝန်ကျေပွန်အောင် ဆောင်ရွက်ပေးနေတာလည်း  ဖြစ်ပါတယ်။  အခြေအနေအရပ်ရပ်ကြောင့်  လမ်းမပေါ်ထွက်ကာ  ပြည်သူတွေနဲ့အတူ  ရင်ထဲက  ဆန္ဒအမှန်တွေကို  ထုတ်ဖော်ပြသခွင့်မရတာကြောင့်လည်း  စိတ်မကောင်းဖြစ်နေတာလည်း  ဖြစ်ပါတယ်။

Photo Crd-Htwe Lynn Ko’s Facebook Account 
Photo Crd-Htwe Lynn Ko’s Facebook Account 
Photo Crd-Htwe Lynn Ko’s Facebook Account 
Photo Crd-Htwe Lynn Ko’s Facebook Account 

သို့ပေမယ့်လည်း  လိုအပ်တဲ့  အကူအညီမှန်သမျှကို  နောက်ကွယ်ကနေ  ကူညီပေးနေတာကြောင့်လည်း  ပရိသတ်တွေအားလုံးက  လေးစားနေကြတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  မိနစ်ပိုင်းလောက်ကလည်း  လင်းလင်းရဲ့  လူမှုကွန်ယက်စာမျက်နှာမှာ သူ့ရဲ့လက်ရှိအခြေအနေတစ်ချို့ကို ရေးသားထားတာပဲ  ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာထက်တွင်ပျောက်ကွယ်နေပေမယ့်လည်းပြည်သူ့ဝန်ထမ်းတွေအတွက်တတ်နိုင်သလောက်ကူညီဆောင်ရွက်ပေးနေကြောင်းကို  အားလုံးသိအောင်  ရေးသားထားတာလည်း  ဖြစ်ပါတယ်။

Photo Crd-Htwe Lynn Ko’s Facebook Account 
Photo Crd-Htwe Lynn Ko’s Facebook Account 
Photo Crd-Htwe Lynn Ko’s Facebook Account 
Photo Crd-Htwe Lynn Ko’s Facebook Account 

သူ့ရဲ့အကောင့်မှာလည်း  " နေရေး၊ စားရေး နဲ့ နယ်ပြန်, အိမ်ပြန်အဆင်ပြေရေးအတွက် CDM ဝန်ထမ်းမိသားစုများကို အတတ်နိုင်ဆုံး နှမ်းတစ်စေ့ ပါဝင်ဆောင်ရွက်နေလျက်ပါ။ တစ်နေရာ နဲ့ တစ်နေရာ အသွားအလာကြောင့် အွန်လိုင်းမသုံးဖြစ်ပါဘူး။

မတရားမှုမှန်သမျှ (လုံးဝ) ပျက်သုဉ်းကျရှုံးရပါမယ်။ " ဆိုပြီး ရေးသားထားတာပဲ  ဖြစ်ပြီး  ဒီပို့စ်အောက်တွင်လည်း  လင်းလင်းတို့တစ်မိသားစုလုံး  ဘေးကင်းလုံခြုံမှုရှိအောင်  ပရိသတ်တွေက  ဆုတောင်းပေးထားကြတာဖြစ်တာကြောင့်  ဒီသတင်းလေးကို  တစ်ဆင့်ပြန်လည်  ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ 

Source and Photo Crd-Htwe Lynn Ko’s Facebook Account 

Photo Crd-Htwe Lynn Ko’s Facebook Account 
Photo Crd-Htwe Lynn Ko’s Facebook Account 
Photo Crd-Htwe Lynn Ko’s Facebook Account 
Photo Crd-Htwe Lynn Ko’s Facebook Account 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T