အသက်ပေးခဲ့ရတဲ့သူတွေကိုကူညီဖို့ အလှူငွေတွေ ကောက်ခံပေးနေတာကို ဖုန်းဆက်ပြီး လာစော်ကားတဲ့သူတွေရှိကြောင်း ပြောပြလာတဲ့ချယ်ရီသင်း

//s9.kh1.co/19/19201e6ddf8be3bd54cf4a7ab0865b924142b0ce.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

အသက်ပေးခဲ့ရတဲ့သူတွေကိုကူညီဖို့ အလှူငွေတွေ ကောက်ခံပေးနေတာကို ဖုန်းဆက်ပြီး လာစော်ကားတဲ့သူတွေရှိကြောင်း ပြောပြလာတဲ့ချယ်ရီသင်း

အဆိုတော် ချယ်ရီသင်းကတော့ လက်ရှိအချိန်မှာဆိုရင် ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် အလှူငွေတွေ သွားရောက်လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ် ။ ချယ်ရီသင်းက အားလုံးကိုယ်စား သူမကိုယ်တိုင်ဦးဆောင်ပြီး အလှူငွေတွေကို တာဝန်ယူကောက်ခံပေးနေတာ ဖြစ်ပါတယ် ။ ရရှိလာတဲ့အလှူငွေတွေကို ချယ်ရီသင်းက သူရဲကောင်းတွေရဲ့နေအိမ်အထိ ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး လှူဒါန်းရင်းနဲ့ ကျန်ရစ်သူမိသားစုကို အားပေးစကားပြောပေးခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit -Cherry Thin's FB Page
Photo Credit -Cherry Thin's FB Page
Photo Credit -Cherry Thin's FB Page
Photo Credit -Cherry Thin's FB Page

အခုလည်း ချယ်ရီသင်းက မြောက်ဥက္ကလာမှာကျဆုံးသွားတဲ့ အမျိုးသားတစ်ဦး အပါအဝင် သူရဲကောင်းလေးယောက်အတွက် လှူဒါန်းပေးသွားမှာ ဖြစ်ပါတယ် ။ မအားလပ်တဲ့ကြားကနေ အလှူငွေစာရင်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ ချယ်ရီသင်းက အခုတော့ စိတ်ပျက်စရာကောင်းတဲ့ကိစ္စတစ်ခုနဲ့ ကြုံတွေ့ခဲ့ရကြောင်း ရင်ဖွင့်လာတာ ဖြစ်ပါတယ် ။ ချယ်ရီသင်းက မသင့်တော်တဲ့စကားတွေလာပြောကာ နှောက်ယှက်တဲ့သူကြောင့် စိတ်ပျက်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Photo Credit -Cherry Thin's FB Page
Photo Credit -Cherry Thin's FB Page
Photo Credit -Cherry Thin's FB Page
Photo Credit -Cherry Thin's FB Page

ဒီအကြောင်းကို ချယ်ရီသင်းက "ချယ့်ကိုဖုန်းဆက်ပြီးအဲ့လိုလာပြောပါတယ် မိုက်ရိုင်းလိုက်တာ ချယ်အပင်ပန်းခံလုပ်ပေးနေတာပါ ဒီလိုတွေလာစော်ကားတာမျိုးကျအတော်လေးစိတ်ပျက်မိပါတယ် ရည်းစားစကားလာပြောတာနဲ့ အခုလိုမိုက်ရိုင်းတာတွေကစိတ်ပျက်စရာကောင်းပါတယ် " ဆိုပြီး ဗီဒီယိုဖိုင်တစ်ခုကို ပြသခဲ့တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုထဲမှာတော့ လူတစ်ယောက်က ဖုန်းဆက်ပြီး သူမကိုစော်ကားတဲ့စကားမျိုးတွေ ပြောခဲ့တာပဲ ဖြစ်ပါတယ် ။ ချယ်ရီသင်းကတော့ အလှူရှင်တွေဆက်သွယ်နိုင်အောင် ထားပေးထားတဲ့ဖုန်းဖြစ်တာကြောင့် ဖုန်းလာတဲ့အခါမှာ ယဥ်ယဥ်ကျေးကျေးပြောဆိုခဲ့ပေမယ့်လည်း သူမရဲ့သိက္ခာကိုထိပါးလာတဲ့အတွက် ဒေါသထွက်ခဲ့ရတာ ဖြစ်ပါတယ် ။

Source & Photo Credit -Cherry Thin's FB Page

Photo Credit -Cherry Thin's FB Page
Photo Credit -Cherry Thin's FB Page
Photo Credit -Cherry Thin's FB Page
Photo Credit -Cherry Thin's FB Page
Photo Credit -Cherry Thin's FB Page
Photo Credit -Cherry Thin's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T