ထိန်းသိမ်းခံထားရတဲ့ လူငယ်တွေအတွက် အမြန်ဆုံးလွတ်မြောက်အောင် သိမြင်တတ်ကျွမ်းတဲ့ သူတွေဝိုင်းကူညီပေးကြဖို့ တောင်းဆိုလာခဲ့တဲ့ ရွှေထူး

//s9.kh1.co/8d/8d1bd73796e1daea9775907c2c8349bdada2bf67.jpg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလောမှာ အမှန်တရားကိုလိုလားကြတဲ့ ပြည်သူပြည်သားတွေက လွတ်လပ်မျှတတဲ့ ဒီမီုကရေစီကိုပြန်လည်ရရှိအောင် လူထုလှုပ်ရှားမှုတွေကို တက်ညီလက်ညီ သံပြိုင်ဟစ်ကြွေးပြီး နေ့စဥ် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်လှပအောင် ကိုယ်ပိုင် အခွင့်အရေးတွေကို မဆုံးရှုံးစေဖို့အတွက် ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများ ၊ အဖွဲ့အစည်းများ၊ ကျောင်းသူကျောင်းသားများအပြင် အနုပညာရှင်များစွာက ပြည်သူပြည်သားတွေနဲ့ အတူ အပြည့်အဝရပ်တည်ပေးခဲ့ကြပါတယ်။

Photo Credit - Htoo Khant fb account
Photo Credit - Htoo Khant fb account
Photo Credit - Htoo Khant fb account
Photo Credit - Htoo Khant fb account

ယခုလိုလူထုလှုပ်ရှားမှုတွေကို နေ့စဥ်ဆက်တိုက် လှုပ်ရှားရင်း အသက်ပေးလိုက်ရတဲ့ အာဇာနည်သူရဲကောင်းတွေရှိနေသလို ပြည်သူတွေနဲ့ ကျောင်းသူကျောင်းသား လူငယ်တချို့ထိန်းသိမ်းခံထားရမှုလည်းရှိပါတယ်။ လက်ရှိမှာ တချို့သောသူတွေ ပြန်လည်လွတ်မြောက်လာသလို တချို့လွတ်မြောက်လာခြင်းမရှိတဲ့ ကျောင်းသားလူငယ်တွေလည်းရှိပါတယ်။ လွတ်မြောက်လာခြင်းမရှိသေးတဲ့ လူငယ်တွေအတွက် အဆိုတော်သရုပ်ဆောင် ရွှေထူးက သူ့ရဲ့လူမှုကွန်ယက်မှာ အမြန်ဆုံးလွတ်မြောက်အောင် သိမြင်တတ်ကျွမ်းတဲ့သူတွေကို အကူအညီနည်းလမ်းတွေကို ရေးသားတောင်းဆိုလာခဲ့ပါတယ်။

Photo Credit - Htoo Khant fb account
Photo Credit - Htoo Khant fb account
Photo Credit - Htoo Khant fb account
Photo Credit - Htoo Khant fb account

"လက်ရှိ ထိန်းသိမ်းခံထားရတဲ့ လူငယ်တွေကိုလွတ်မြောက်အောင် ဘယ်လိုလုပ်လို့ရနိုင်မလဲဝိုင်းကူစဉ်းစားပေးကြပါဦး ... နားလည်တတ်ကျွမ်းတဲ့ လူကြီးတွေရှိရင် နည်းလမ်းလေးရေးပေးကြပါဦးခင်ဗျာ ... သူတို့အားလုံးကို အဲ့ထဲမှာအကြာကြီးရှိမနေစေချင်ဘူးဗျာ ... လက်ရှိပျောက်ဆုံးနေတဲ့သူတွေရော ... သတင်းမရအဆက်အသွယ် ပြတ်နေတဲ့လူတွေရော အရမ်းတွေ့လာလို့ပါ ... သိတဲ့သူတွေကူညီပေးကြပါဦးခင်ဗျာ" ဆိုပြီး စိတ်မကောင်းစွာနဲ့ ရေးသားထားတာ တွေ့ရပါတယ်။

သတင်း အရင်းအမြစ်Source - Htoo Khant fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T