ရပ်ကွက်လုံခြုံအောင်စောင့်ရှောက်ပေးကြတဲ့သူတွေကို ကြာဇံကြော်နဲ့ဧည့်ခံပြီး သူမကိုယ်တိုင်လည်း ပါဝင်ကင်းစောင့်ပေးနေတဲ့ ဝိုင်းစု

//s9.kh1.co/6b/6b100d08d80d11d810214dbf656707e0677c7141.jpeg
အနုပညာရှင်များ

 ၀၅-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ရပ်ကွက်လုံခြုံအောင်စောင့်ရှောက်ပေးကြတဲ့သူတွေကို ကြာဇံကြော်နဲ့ဧည့်ခံပြီး သူမကိုယ်တိုင်လည်း ပါဝင်ကင်းစောင့်ပေးနေတဲ့ ဝိုင်းစု

ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ အဆိုတော်အောင်လနဲ့ အဆိုတော်ဝိုင်းစုခိုင်သိန်းတို့ ချစ်သူနှစ်ယောက်ကတော့ အေးချမ်းသာယာစွာနဲ့လက်တွဲနေကြတာဖြစ်ပါတယ်။အောင်လနဲ့ဝိုင်းစုတို့က လက်ရှိမှာဆိုရင်ပြည်သူလူထုတွေပိုပြီးအားဖြစ်အောင်လို့ ဘေးထွက်မနေဘဲ တက်တက်ကြွကြွနဲ့ပူးပေါင်းပါဝင်နေတာဖြစ်ပါတယ်။ဝိုင်းစုခိုင်သိန်းတို့ချစ်သူနှစ်ယောက်ကလည်း ပြည်သူတွေထဲကပြည်သူတွေပဲ ဖြစ်တာကြောင့် လတ်တလောအခြေအနေတွေမှာ တတ်နိုင်တဲ့ဘက်ကနေဝန်းရံပြီး ပြည်သူလူထုနဲ့ တစ်သားတည်းရှိနေတာပဲဖြစ်ပါတယ်။

Photo Credit:Wine Su’s Facebook Account/Khun Photography
Photo Credit:Wine Su’s Facebook Account/Khun Photography
Photo Credit:Wine Su’s Facebook Account
Photo Credit:Wine Su’s Facebook Account
Photo Credit:Wine Su’s Facebook Account
Photo Credit:Wine Su’s Facebook Account

ပြည်သူလူထုကတော့ လက်ရှိအချိန်ထိလည်း ဆက်လက်လှုပ်ရှားနေဆဲဖြစ်ကာ တစ်လကြာသွားပေမယ့် အားမလျော့ကြသေးတာဖြစ်ပါတယ်။အခုလိုကာလမျိုးမှာဆိုရင် ပြည်သူတွေကလည်း အပြန်အလှန် ရိုင်းပင်းကူညီကြပြီး အချင်းချင်းစောင့်ရှောက်နေကြတာဖြစ်ပါတယ်။ဝိုင်းစုနဲ့အောင်လတို့ကလည်း လမ်းပေါ်ထွက်ပြီး ကိုယ်ယုံကြည်ရာကို ခံယူချက်အပြည့်နဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေ အခုမတ်လထဲထိတောင် ပြည်သူတွေက သွေးမအေးကြသေးဘဲ အကုန်လုံးတက်ညီလက်ညီရှိနေကြဆဲပဲဖြစ်ပါတယ်။

Photo Credit:Wine Su’s Facebook Account
Photo Credit:Wine Su’s Facebook Account
Photo Credit:Wine Su’s Facebook Account
Photo Credit:Wine Su’s Facebook Account

အခုလိုအခြေအနေတွေကြောင့် ပြည်သူလူထုကတော့ မိမိနေထိုင်ရာရပ်ကွက်ကို လူစိမ်းတွေဝင်မလာနိုင်အောင် ညတိုင်းကင်းစောင့်နေကြတာဖြစ်ပါတယ်။ဝိုင်းစုနဲ့အောင်လတို့ကလည်း သူမတို့နေထိုင်ရာရပ်ကွက်မှာ အိမ်နီးနားချင်းတွေနဲ့အတူ ရပ်ကွက်လုံခြုံအောင် တစ်တပ်တစ်အားပါဝင်နေတာဖြစ်ပါတယ်။မနေ့ညကဆိုရင်လည်း ဝိုင်းစုကကင်းသမားတွေစားဖို့အတွက် ကြာဇံကြော်တွေနဲ့ဧည့်ခံကာ သူမကိုယ်တိုင်လည်း ကူညီပြီးကင်းစောင့်ပေးတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ ပြည်သူတိုင်းက မိမိတတ်နိုင်တဲ့ဘက်ကနေ တစ်ထောင့်တစ်နေရာပါဝင်ကြပြီး အရမ်းစည်းလုံးနေကြတာဖြစ်ပါတယ်။

Photo Credit:Wine Su’s Facebook Account
Photo Credit:Wine Su’s Facebook Account
Photo Credit:Wine Su’s Facebook Account
Photo Credit:Wine Su’s Facebook Account
Photo Credit:Wine Su’s Facebook Account
Photo Credit:Wine Su’s Facebook Account

Source&Photo Credit:Wine Su’s Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T