အသက်ပေးခဲ့ရတဲ့ ပြည်သူ့သူရဲကောင်းများထဲက ​ညီမလေးကြယ်စင်ရဲ့ သီချင်းနဲ့ သူမရဲ့ အကြောင်းလေး

//s9.kh1.co/fb/fbc77f7391b62219883cf80970daff86c05dbcd9.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

.

မတ် ၃ ရက်နေ့က မန္တလေးမြို့ ၈၄ လမ်းနဲ့ လမ်း၃၀ ထောင့်မှာ ဦးခေါင်းတွင် သေနတ်ကျည်ဆန် ထိမှန်ကာ ကျဆုံးခဲ့ရတဲ့ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်လေး Deng Jia Xi (ခ)မကြယ်စင်(ခ) ကျားရှိ (ခ)အိန်ဂျယ်ကတော့ မအေးအေးမြင့် ဆံပင်ညှပ်ဆိုင် ပိုင်ရှင်ရဲ့ တစ်ဦးတည်းသော သမီးလေး ပဲ ဖြစ်ပါတယ်။ ယနေ့ မတ်လ ၄ ရက်နေ့မှာတော့ အိန်ဂျယ်ရဲ့ စျာပနာ အခမ်းအနားကို လမ်း(၈၀)ရှိ ယူနန် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွင် ပြုလုပ်ကာ အေးရိပ်ငြိမ် သုဿန်မှာ ဂူသွင်းသင်္ဂြိလ်ခဲ့ပါတယ်။ ပြည်သူ့ သူရဲကောင်းမလေး အိန်ဂျယ်အတွက် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဝတ်မှုံရွှေရည်က လွမ်းသူ့ပန်းခွေ ပို့ပေးခဲ့ကာ "ပြည်သူ့အာဇာနည်သူရဲကောင်းကို လေးစားဂုဏ်ပြုပြီး အေးချမ်းရာ ဘုံဘဝမှာ ကောင်းရာသုဂတိလားပါစေ"လို့ ရေးသားခဲ့ပါသေးတယ်။ သူမ ချစ်ခင်တဲ့ အနုပညာရှင်က အမှတ်တရပြုလုပ်ပေးခဲ့လို့ အိန်ဂျယ် သိခွင့်ရရင်လည်း ကျေနပ်နေမယ်လို့ မျှော်လင့်ပါတယ် ... ??

Photo Credit -Deng Jia Xi FB Account
Photo Credit -Deng Jia Xi FB Account
Photo Credit -Deng Jia Xi FB Account
Photo Credit -Deng Jia Xi FB Account

မသေဆုံးခင်ကတည်းက သွေး၊မျက်ကြည်လွှာ၊ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို လှူဒ့န်းမယ့် အကြောင်းနဲ့ တကယ်လိုအပ်ခဲ့ပါက အသက်မသေလည်း အသေခံပြီး လှူပါတယ်လို့ ကိုယ်တိုင်ခွင့်ပြုလက်ခံတဲ့ အကြောင်းကို သူမရဲ့ လူမူကွန်ယက် စာမျက်နှာမှာလည်း ရေးသား ဖော်ပြခဲ့ပါသေးတယ်။ သူမရဲ့ဖခင်ကလည်း နွေဦးတော်လှန်ရေးအတွက် သမီးကို လက်ပတ်လေး ချည်ပေးခဲ့တဲ့ ပုံရိပ်ကလည်း ပြည်သူများကြား ရင်ထဲထိရောက်ပြီး ရေပန်းစားခဲ့တဲ့ ပုံရိပ်လေးတွေလည်း ဖြစ်ခဲ့ပါတယ်။ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ပေမယ့်လည်း သတ္တိရှိ ထက်မြက်ရုံသာမက အနုပညာမှာလည်း ပါရမီရှိတဲ့ မျိုးဆက်သစ် လူငယ်လေးတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit -Deng Jia Xi FB Account
Photo Credit -Deng Jia Xi FB Account
Photo Credit -Deng Jia Xi FB Account
Photo Credit -Deng Jia Xi FB Account

အဆိုတော်ဖြစ်ချင်ခဲ့တဲ့ အိန်ဂျယ်လ် ကိုယ်တိုင် သီဆိုထားတဲ့ သီချင်း တစ်ပုဒ် (Official Song) ဖြစ်တဲ့ "No Reason" ဆိုတဲ့ သီချင်းကလည်း ပြည်သူတွေအနေနဲ့ လွမ်းဆွတ်မှုတွေကို ပိုးတိုးစေခဲ့ပါတယ် ။ ဒီသီချင်းထဲမှာ ခံစားသက်ဝင်မှုအပြည့်နဲ့ အကောင်းဆုံး သီဆိုထားတဲ့အပြင် အိန်ဂျယ်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာ ပဲ ဖြစ်ပါတယ်။ပြည်သူ့ သူရဲကောင်းမလေး အိန်ဂျယ်ကတော့ သီချင်းဆိုတာ ကောင်းတဲ့အပြင် အကပိုင်းမှာလည်း ထူးချွန်သူလေးလည်း ဖြစ်ပါတယ်။ အသက်အရွယ် ငယ်ပေမယ့် မြင့်မြတ်တဲ့ စိတ်ဓာတ်ကို လေးစားဂုဏ်ပြုကာ မှတ်တမ်းတင် ဦးညွှတ်ရင်း ရင်ထဲမှာ အမှတ်ရနေပါမယ်....?ပြည်သူ့ သူရဲကောင်းမလေး အိန်ဂျယ်ကို မေတ္တာပို့ အမျှဝေ ဆုတောင်းစကားလေး ပြောပေးကြဖို့ တောင်းဆိုရင်း ပြည်သူတွေ အားလုံးလည်း ဘေးအန္တရယ် ကင်းရှင်းပြီး အမြန်ဆုံး အေးချမ်းမှု ရရှိနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ် ???

Photo Credit -Deng Jia Xi FB Account
Photo Credit -Deng Jia Xi FB Account
Photo Credit - Wutt Hmone Shwe Yi
Photo Credit - Wutt Hmone Shwe Yi

သတင်း အရင်းအမြစ်Deng Jia Xi FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T