ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့အောင်မြင်နေကြတဲ့ အနုပညာရှင်ဆယ်လီတွေရဲ့ရင်သွေးတွေထဲမှာ ဝါရင့်သရုပ်ဆောင်ခင်လှိုင်ရဲ့ သမီးချောလေးဖြစ်တဲ့ သရုပ်ဆောင်သဇင်ထူးမြင့်ကလည်း အပါအဝင်ပါပဲ..။
သဇင်ထူးမြင့်ကတော့ အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေသလို အခုလိုအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူပူးပေါင်းပြီး မိသားစုလိုက် လူထုလှုပ်ရှားမှုတွေ ပါဝင်လုပ်ဆောင်ကာ လှူဒါန်းမှုတွေလည်း ပြုလုပ်နေသူလေးပါ..။
လမ်းပေါ်ထွက်ကာလူထုလှုပ်ရှားမှုတွေ ကိုယ်တိုင်ပြုလုပ်နေတဲ့အပြင် ပြည်သူတွေအတွက် နေ့တိုင်းလိုလို အစားအသောက်တွေလည်း ပေးဝေလှူဒါန်းပြီး ဒီကနေ့လေးမှာလည်း စမူဆာနဲ့ကော်ပြန့်ကြော်တွေ လှူဒါန်းခဲ့ကာ ကာကွယ်ရေးပစ္စည်းတွေလည်း ထပ်မံလှူဒါန်းသွားမယ်လို့ သိရပါတယ်နော်..။
သဲကတော့ ပြည်သူတွေအတွက်စားသောက်စရာတွေအပြင် ကာကွယ်ရေးပစ္စည်းတွေကို လိုအပ်တဲ့နေရာတွေမှာလှူဒါန်းသွားမှာဖြစ်ပြီး သူမရဲ့ Fan တွေနဲ့အတူ လှူဒါန်းရတဲ့အတွက် ဂုဏ်ယူရတဲ့အကြောင်းလေးကိုလည် သဲက ပြောပြထားပါသေးတယ်နော်..။
"သဲနဲ့Hearties တွေပေါင်းပြီး လိုအပ်တဲ့နေရာတွေတွက်
1300000(၁၃သိန်း)လှူဒါန်းသွားပါ့မယ်ရှင်?
သဲရဲ့ချစ်ရတဲ့ Hearties လေးတွေဖြစ်တဲ့
We Love Thazin Htoo Myint(Thel lay?)Official Fan gp နဲ့
We Love Thazin Htoo Myint Thel’s ❤️Family? group ၂ခုက သဲနဲ့တူတူပါဝင်လှူဒါန်းပါတယ် ...
Hearties လေးတွေနဲ့တူတူလှူဒါန်းခွင့်ရတဲ့တွက် တကယ်ကိုကြည်နူးမိပါတယ်...
ကာကွယ်ရေးပစ္စည်းများကို တကယ်လိုအပ်တဲ့နေရာများမှာလှူဒါန်းသွားမှာဖြစ်တဲ့အပြင် အစားသောက်များပါ သဲတို့လှူဒါန်းသွားပါမယ်ရှင်??
သဲနဲ့Hearties လေးတွေရဲ့အလှူမှာ
We Love Rosi Htoo Myint Shipper Fans gp ကပါ ပါဝင်လှူဒါန်းပေးတဲ့တွက် ကျေးဇူးတင်ပါတယ်ရှင်?...နောက်လည်းအများကြီးတူတူလှူကြမယ်နော်...
fan gpထဲမှာ စာရင်းတွေလည်း သဲတင်ပေးထားပါတယ်ရှင်...နေ့စဉ်တိုင်းဘာတွေလှူမယ်ဆိုတာလည်းgpထဲမှာအသိပေးသွားပါမယ်ရှင်.....
ခုလိုHearties လေးတွေပိုင်ဆိုင်ရလို့ အမြဲပျော်ရွှင်ပြီးဂုဏ်ယူရပါတယ်ရှင်...♥️" ဆိုပြီး အလှူလေးကို သဲက ပြောပြထားတာ ဖြစ်ပါတယ်နော်..။
သတင်း အရင်းအမြစ်៖ Thazin Htoo Myint's Fb Acc