၁၇၂ ကြိမ်လောက် မြွေကိုက်ခံပြီး လူတွေရဲ့အကျိုးအတွက် မြွေဆိပ်ထုတ်ပေးခဲ့တဲ့ အမျိုးသား

//s9.kh1.co/fa/fa233a2f621211946f1572cb9d67178c0b9f713b.jpg
ဗဟုသုတအဖြာဖြာ

 ၀၄-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ကမ္ဘာပေါ်မှာ မြွေဆိပ်အများဆုံး ထုတ်ပြီး လူတွေအတွက် အကျိုးပြုခဲ့တဲ့ Bill ​Haast ဆိုတဲ့ အမျိုးသားတစ်ယောက်အ​ကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Bill Haast ဟာ ၁၉၁၀ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

Bill Haast ဟာအသက် ၁၉ နှစ်အရွယ်ထဲက မြွေဖမ်းသမားအလုပ်ကို စတင်လုပ်ကိုင်ခဲ့ပြီး နှစ်အနည်းငယ်ကြာတဲ့အခါမှာ မြွေအမျိုးအစားအကုန်လုံးကို ဖမ်းနိုင်တဲ့ ဆရာတစ်ယောက် ​ဖြစ်လာခဲ့ပါတယ်။

Photo from Google
Photo from Google
Photo from Google
Photo from Google

အဲ့ဒီနောက်မှာတော့ Bill Haast ဟာ မြွေမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး မြွေတွေရဲ့အဆိပ်ကို ထုတ်နိုင်ဖို့ သုတေသနတွေကို နှစ်ပေါင်းများစွာကြာအောင် ပြုလုပ်ခဲ့ပါတယ်။

​ကျိုးစားမှုရဲ့ ရလာဒ်အနေနဲ့ Bill Haast ဟာ မြွေဆိပ်ကိုအောင်မြင်စွာထုတ်ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကမ္ဘာမှာ ပထမဆုံးမြွေဆိပ်ဖြေဆေးကိုရှာဖွေတွေ့ရှိခဲ့တာကတော့ Bill Haast မဟုတ်ပါဘူး ။ Albert Calmette လို့ခေါ်တဲ့ ပြင်သစ်သပ္ပံပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

Bill Haast ရဲ့မြွေဆိပ်ထုတ်ယူတဲ့ပုံစံကတော့ မြွေရဲ့ဦးခေါင်းကို ကိုင်ပြီး ရာဘာပြားအုပ်ထားတဲ့ ဖန်ပုလင်းထဲကို မြွေကိုကိုက်စေတဲ့ နည်းတဲ့ အဆိပ်ထုတ်ယူတာပဲ ဖြစ်ပါတယ်။

Bill Haast ဟာသူ့ရဲ့မြွေမွေးမြူရေးခြံထဲက မြွေတွေဆီက အဆိပ်ကို တစ်နေ့ အကြိမ် ၇၀ ကနေ ၁၀၀ အထိထုတ်ယူခဲ့ပြီး ကမ္ဘာတစ်ဝှမ်းက မြွေဆိပ်ဖြေဆေးလိုအပ်သူတွေထံကို ပညာရှင်တွေဆီကနေ တစ်ဆင့်ပေးပို့ပေးခဲ့ပါတယ်။

Photo from Google
Photo from Google
Photo from Google
Photo from Google

နောက်နှစ်အနည်းငယ်အကြာမှာတော့ Bill Haast ဟာမြွေဆိပ်ဖြေဆေးထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းတွေကိုပါ ဖွင့်လှစ်ခဲ့ပြီး လူတွေအတွက်အကျိုးပြုခဲ့ပါတယ်။

Bill Haast ဟာသူ့ရဲ့မြွေဖမ်းသမား သက်တမ်းတစ်လျှောက်မှာ အဆိပ်ပြင်းမြွေတွေဆီကနေ အကြိမ်ပေါင်း ၁၇၂ ကြိမ်လောက် ကိုက်ခံခဲ့ရပေမ

ယ့် အသက်မသေခဲ့တာကြောင့် ဂရင်းနစ်မှတ်တမ်းမှာ ကမ္ဘာ့မြွေအများဆုံးကိုက်ခံရပေမယ့် အသက်ရှင်တဲ့လူသား စံချိန်ကို တင်နိုင်ခဲ့သူ တစ်ဦးပဲ ဖြစ်ပါတယ်။

လူတော်တော်များများက Bill Haast ကိုအသေစောမယ်လို့ ပြောခဲ့ကြပေမယ့်လည်း Bill Haast ဟာအသက် ၁၀၀ ကျော်တဲ့အထိ နေထိုင်နိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

Photo from Google
Photo from Google
Photo from Google
Photo from Google
Photo from Google
Photo from Google
Photo from Google
Photo from Google

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T