ကျိုက်ထိုမြို့မှာ ကျဆုံးသွားခဲ့တဲ့ အာဇာနည်သူရဲကောင်း မောင်ဇင်လင်းထက်ရဲ့ မိသားစုဝင်အတွက် ငွေကျပ် ၁၆သိန်းကို ဆက်သွယ်လှူဒါန်းပေးခဲ့တဲ့ ခင်ဝင့်ဝါ

//s9.kh1.co/e6/e67b830452b14a01eceed1bdcf5381aa1c08d88b.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

Missတစ်ယောက်ဖြစ်ပေမယ့်လည်း သရုပ်ဆောင်အလုပ်ကို ဦးစားပေးကာလုပ်ဆောင်နေတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ ပရိသတ်တွေနဲ့ မိတ်ဆက်ပေးစရာမလိုလောက်အောင်ရင်းနှီးပြီးသားဖြစ်မှာ အသေအချာပါပဲနော်။ သူမရဲ့ အနုပညာကြိုးစားမှုတွေက ပရိသတ်တွေကို အကြိုက်တွေ့စေတာဖြစ်ပြီး အောင်မြင်မှုတွေများစွာကိုလည်း ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ လတ်တလောမှာတော့ ခင်ဝင့်ဝါတစ်ယောက် အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားတာပါနော်။

Photo credit - Khin Wint Wah's FB page
Photo credit - Khin Wint Wah's FB page
Photo credit - Khin Wint Wah's FB page
Photo credit - Khin Wint Wah's FB page

ခင်ဝင့်ဝါက လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်နေတာဖြစ်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ သူမကိုယ်တိုင် လမ်းပေါ်ထွက်ကာ တရားမျှတမှု့အတွက် တောင်းဆိုနေသလို လူထုလှုပ်ရှားမှုမှာ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်လည်း ငွေကြေးအင်အားနဲ့ ကူညီလုပ်ဆောင်ပေးနေတာကို တွေ့ရပါတယ်။ယခုမှာလည်း ခင်ဝင့်ဝါက သေဆုံးသွားခဲ့တဲ့ ကျိုက်ထိုမြို့က မောင်ဇင်လင်းထက်အတွက် သူငယ်ချင်းတွေစုပေါင်းကာ အလှူပြုခဲ့တာဖြစ်ပါတယ်။ 

Photo credit - Khin Wint Wah's FB page
Photo credit - Khin Wint Wah's FB page
Photo credit - Khin Wint Wah's FB page
Photo credit - Khin Wint Wah's FB page

ခင်ဝင့်ဝါက သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာလည်း " ကျဆုံးသွားတဲ့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျန်ရစ် သူမိသားစု များ အား အကူအညီ ပေးရန် ကျွန်မတို့ သူငယ်ချင်းမိတ်ဆွေတွေ ပါဝင်ထားသည့် ရန်ပုံငွေ ထဲမှ ဒီနေ့ ကျိုက်ထိုမြို့ မှ မောင် ဇင်လင်းထက် ၏ မိသားစုအား ကျပ် ၁၆ သိန်း ဆက်သွယ်ပေးခဲ့ ပါသည်။ ပါဝင်လှူဒါန်းပေးကြတဲ့သူငယ်ချင်း မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ရှင့် နောက်ရက်တွေများမှာလည်း လိုအပ်သည့် နေရာ များ ကို ဆက်သွယ် ပြီး အကူအညီများ ပေးသွား ပါမည် ။ " ဆိုတဲ့ စာသားလေးနဲ့အတူ အလှူပြုပုံရိပ်လေးတွေကို တင်ပေးလာတာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit - Khin Wint Wah's FB page
Photo credit - Khin Wint Wah's FB page
Photo credit - Khin Wint Wah's FB page
Photo credit - Khin Wint Wah's FB page
Photo credit - Khin Wint Wah's FB page
Photo credit - Khin Wint Wah's FB page

သတင်း အရင်းအမြစ်Source - Khin Wint Wah's FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T