၆နှစ်အကြာမှနားကျပ်ပြန်ကိုင်ရပေမယ့် ဝရမ်းပြေးဖက်ရှင်နဲ့ဖြစ်နေတယ်ဆိုပြီး ဆေးကုသမှုလုပ်အားပေးအမှတ်တရတွေကိုပြောပြလာတဲ့ ပိုင်ဖြိုးသု

//s9.kh1.co/16/16815ea7d9539cbeccc0e7b628f062e76ca4d06d.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သုသုလို့ အားလုံးကချစ်စနိုးခေါ်ကြပြီး အောင်မြင်စွာလျှောက်လှမ်းရပ်တည်နေတဲ့ သရုပ်ဆောင်အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုကိုတော့ အားလုံးက ချစ်ခင်ကြပါတယ်နော်..။

သုသုလေးကတော့ ချစ်စရာကောင်းသလို ခိုင်မာပြတ်သားတဲ့စိတ်သဘောထားလေးကိုလည်း ပိုင်ဆိုင်ထားပြီး ယုံကြည်ချက်တွေနဲ့ ခံယူချက်တွေကြောင့် လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc

ကိုယ်တိုင်ကိုယ်ကျလမ်းပေါ်ထွက်ကာ အပင်ပန်းခံပြီး လူထုလှုပ်ရှားမှုတွေပြုလုပ်နေတဲ့အပြင် လှူဒါန်းမှုတွေကိုလည်း ဆက်တိုက်ဆိုသလို ပြုလုပ်နေတဲ့ သုသုလေးဟာ လက်ရှိမှာလည်း ကျန်းမာရေးဆိုင်ရာ ကုသမှုတွေပြုလုပ်ပြီး လုပ်အားပေးနေတာလည်း ဖြစ်ပါတယ်နော်..။

ကျန်းမာရေးစောင့်ရှောက်မှုတွေပြုလုပ်ကာ ၆နှစ်အကြာမှနားကျပ်ပြန်ကိုင်ရပေမယ့် အရင်လိုဗမာဝတ်စုံလေးတွေနဲ့မဟုတ်ဘဲ ဝရမ်းပြေးဖက်ရှင်နဲ့ဖြစ်နေတယ်ဆိုပြီး ဆေးကုသမှုလုပ်အားပေးအမှတ်တရတွေကိုလည်း သုသုလေးက ပြောပြလာပါတယ်နော်..။

Photo Credit - Na Gyi
Photo Credit - Na Gyi
Photo Credit - Na Gyi
Photo Credit - Na Gyi
Photo Credit - Na Gyi
Photo Credit - Na Gyi

"CDMဝန်ထမ်းတွေကိုကျန်းမာရေးစောင့်ရှောက်မှုသွားပေးကြတဲ့ CDMဆရာဝန်တွေအဖွဲ့နဲ့လိုက်လုပ်အားပေးဖြစ်ပါတယ်...

ဆရာဝန်အဖြစ်ဆေးမကုတာကြာပြီဖြစ်တာကတစ်ကြောင်း(ကျောင်းတုန်းကတည်းကလည်းကိုယ်ကပါချီပါချဲ့ဆရာဝန် စာတော်တာမဟုတ်) ဆမလည်းမရှိတာမို့ ဆေးကုသမှုအပိုင်းကိုတာဝန်မယူပဲ CDMသူနာပြုဆရာမလေးတွေနဲ့အတူ အထူးကုဆရာဝန်တွေမကြည့်ခင်မှာ Vital signsတွေယူပေးရတဲ့တာဝန်ကိုပဲယူခဲ့ပါတယ်...

CDMဝန်ထမ်းတွေအတွက် တစ်ခုခုပြန်လည်လုပ်ပေးခွင့်ရခဲ့လို့ ပေးjoinတဲ့အကိုအမတွေသူငယ်ချင်းတွေကိုအထူးကျေးဇူးပါ...

နားကြပ်မကိုင်တာ(၆)နှစ်အကြာပြန်ကိုင်တော့အရင်လိုဗမာအင်္ကျီဝမ်းဆက်နဲ့မဟုတ် ဝရမ်းပြေးဖက်ရှင်နဲ့ဖြစ်နေရတာတော့အမှတ်တရပါပဲ...

ဦးဏကြီးရောလို့မေးရင်...ဟုတ်ကဲ့ပါပါတယ်ရှင်(သူကCDMဝန်ထမ်းတွေအတွက်အလှူငွေကောက်ခံရရှိထားတာတွေ ဦးဆောင်သူအမတွေလက်ထဲလိုက်လွှဲပေးတာပါ)

ဟိုဘက်ရပ်ကွက်ကဘာစာထုတ်ထားထုတ်ထားကျွန်မတို့ဒီဘက်ရပ်ကွက်ကအဖက်မလုပ်ပါဘူးရှင်...

ကိုယ့်လူတွေအတွက်ကိုယ်လုပ်နိုင်သမျှတော့ရှာကြံလုပ်နေကြမှာပါ...

အရေးတော်ပုံအောင်ရမည်.." ဆိုပြီး သုသုကရေးသားပြောပြထားတာ ဖြစ်ပါတယ်နော်..။

Photo Credit - Na Gyi
Photo Credit - Na Gyi
Photo Credit - Na Gyi
Photo Credit - Na Gyi

သတင်း အရင်းအမြစ်Paing Phyo Thu's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T