မြင်းခြံက လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ၁၄နှစ်အရွယ် ကောင်လေး သေဆုံးမှုနဲ့ပတ်သတ်ပြီး အလှူငွေသွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ အလင်းရောင်

//s9.kh1.co/e9/e902192d6a5b247c65a7bd97685ba05ea3fe0d04.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မော်ဒယ်လ် မင်းသားချောလေး အလင်းရောင်ကတော့ ပရဟိတစိတ်ဓာတ်ပြင်းထန်သူဖြစ်လို့ မနေ့က (၃.၃.၂၀၂၁) မှာ သေဆုံးသွားခဲ့တဲ့ မြင်းခြံက ၁၄နှစ်အရွယ် ကောင်လေးနဲ့ ပတ်သတ်ပြီး ငွေကြေးလှူဒါန်းဖို့အတွက် ပြင်ဆင်နေခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ လမ်းပေါ်ထွက်ကာ ပြည်သူတွေနဲ့အတူ ရပ်တည်ဝန်းရံနေတဲ့ အလင်းရောင်ကို ပရိသတ်တွေက အချစ်ပိုမိစေမှာ အသေအချာပဲ ဖြစ်ပါတယ်။ 

Phooto credit - ALINGYAUNG 's FB Page
Phooto credit - ALINGYAUNG 's FB Page
Phooto credit - ALINGYAUNG 's FB Page
Phooto credit - ALINGYAUNG 's FB Page

နေ့စဥ်ဆက်တိုက်ဆိုသလို ပြည်သူတွေနဲ့အတူ ပူးပေါင်းကာ တရားမျှတမှုအတွက် လမ်းပေါ်ထွက် တောင်းဆိုနေတဲ့ အလင်းရောင်က သူရဲ့ လူထုလှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဖေ့ဘွတ်အကောင့်မှာ တင်ပေးလေ့ရှိတာပါ။ မကြာသေးတဲ့ နာရီပိုင်းအချိန်ကလည်း အလင်းရောင်က သေဆုံးသွားခဲ့တဲ့ မြင်းခြံက အာဇာနည်သူရဲကောင်း ၁၄နှစ်အရွယ် ညီလေးနဲ့ပတ်သတ်ပြီး အလှူငွေထည့်ပေးကြဖို့ တောင်းခံလာခဲ့တာပါပဲ ဖြစ်ပါတယ်။ 

Phooto credit - ALINGYAUNG 's FB Page
Phooto credit - ALINGYAUNG 's FB Page

သေဆုံးသွားတဲ့ ညီလေးရဲ့ ပုံလေးတွေနဲ့အတူ အလင်းရောင်က " မြင်းခြံက ခေါင်းကိုသေနတ်မှန်တဲ့ ညီလေး ဒီကလေးကအသက်၁၄နှစ်ပဲရှိပါသေးတယ်။ ဦးခေါင်းကိုကျည်ထိပီးဆုံးသွားတာပါ။ မိသားစုကလည်းမပြေလည်ကြပါဘူး။ကျွန်တော်တို့သူငယ်ချင်း တွေ ကောက်ခံထားတဲ့အလှူငွေ တွေကို ဒီ ညီလေး အပါအဝင် ကျန် တဲ့ မြို့နယ် မှ လိုအပ်သူများကို ကူညီသွားဖို့ရှိပါတယ်။ ကိုယ်တတ်အားသရွေ့ အလှူငွေ ပါဝင်ကုသိုလ် ယူနိုင်ပါတယ်။ " ဆိုပြီး မွန်မြတ်တဲ့ စိတ်ထားနဲ့ တိုက်တွန်းကာ ပြောလာတာဖြစ်လို့ ပရိသတ်တွေ သိရှိစေဖို့အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Phooto credit - ALINGYAUNG 's FB Page
Phooto credit - ALINGYAUNG 's FB Page
Phooto credit - ALINGYAUNG 's FB Page
Phooto credit - ALINGYAUNG 's FB Page

သတင်း အရင်းအမြစ်Source - ALINGYAUNG 's FB Page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T