လက်ရှိပြင်းထန်တဲ့အနေအထားတွေကြောင့်လမ်းမကြီးတွေပေါ်မထွက်သင့်တော့ဘဲအခြားနည်းဗျူဟာပြောင်းသင့်ကြောင်းပြောပြလာတဲ့X-box

//s9.kh1.co/6c/6c58e67e9d94c2cfd46a364ded3be3fb11dd3674.jpeg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်  X-box ကတော့  လူငယ်ကြိုက်သီချင်းလေးတွေကို  ကိုယ်တိုင်ဖန်တီးရေးသားသီဆိုနေသူတစ်ယောက်ဖြစ်ပြီး  ပရိသတ်အခိုင်အမာ ရရှိထားတာလည်း  ဖြစ်ပါတယ်။  လက်ရှိဖြစ်ပေါ်နေတဲ့  အခြေအနေတွေကိုလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးနေတာလည်း  ဖြစ်ပါတယ်။  မကြာသေးခင်  နာရီပိုင်းလောက်ကလည်း  သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်  လမ်းမကြီးတွေပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်တာတွေလုပ်မယ့်အစား  အခြားနည်းဗျူဟာတစ်ခုပြောင်းသင့်နေပြီလို့  ရေးသားပြောပြလာတာပဲ  ဖြစ်ပါတယ်။

Photo Crd-X-boxing’s Facebook Page
Photo Crd-X-boxing’s Facebook Page
Photo Crd-X-boxing’s Facebook Page
Photo Crd-X-boxing’s Facebook Page

" လမ်းမကြီးတွေပေါ်မှာ မနေသင့်တော့ဘူးထင်တာပဲ

ကိုယ့်ရပ်ကွက်/ကိုယ့်လမ်း/ကိုယ့်လမ်းထိပ်လောက်မှာပဲ

ဆန္ဒထုတ်ဖော်သင့်နေပါပြီ

ကျွန်တော်ကအရမ်း Educated ဖြစ်ခဲ့တဲ့လူမဟုတ်တော့

တစ်ခုခုဆို သွေးဆူတတ်ပါတယ်

ကျွန်တော့လို သွေးဆူတဲ့လူတွေများလေလေ 

သူတို့ကျည်ဆံတွေပိုပြိီးအလုပ်လုပ်လို့ကောင်းလေပဲ

(ရိုင်းရိုင်းပြောရင် သူတို့သတ်လို့ပိုကောင်းလေပဲ)

ကျွန်တော်မနေ့ညကတစ်ညလုံးလဲမအိပ်ရသေးဘူး

(ထိုင်တွေးနေတယ်) 

သူတို့လိုချင်တာ “သွေး”ပါ 

“သွေး”ထွက်ရင် သာမန်လူဟာ “ကြောက်တယ်”

“နာကျည်းတယ်” “ပြန်တုံ့ပြန်ချင်တယ်” 

နောက်ဆုံးသွေးကို သွေးနဲ့ သွေးကြွေး ပြန်ဆပ်ချင်

ကြတယ်

ဆရာ မင်းကိုနိုင်လဲ ပြောပြီးပါပြီ

သပိတ်ကြောင်းကြီးတွေ လူအင်အားတွေ အရင်လက 

ပြခဲ့ပြီးပါပြီဆိုတာ

အခု Formation က လူအင်အားကြီးနဲ့ ၆လမ်းသွားလမ်းမကြီးတွေပေါ်မှာ သပိတ်ကြောင်းတွေအရမ်းမပြသင့်တော့ပါဘူး 

Photo Crd-X-boxing’s Facebook Page
Photo Crd-X-boxing’s Facebook Page
Photo Crd-X-boxing’s Facebook Page
Photo Crd-X-boxing’s Facebook Page

အဲ့လိုသပိတ်ကြောင်းလုပ်မယ်ဆိုရင် 

အရင်လတုန်းကလို အလွတ်ကြီးလုပ်လို့မရတော့ဘူး 

Front Line မှာ လူငယ်တွေက Home Made ဒိုင်းတွေ 

Goggles တွေနဲ့ရှေ့မှာ အသက်ပေးကာကွယ်ပေးပါရတယ်

အဲံဒီတော့ ဟိုကောင်တွေက ပစ်တယ်

(ခေါင်းတွေပဲရွေးပစ်တယ် )

လူကြီး/လူငယ်တွေသေကြတယ်

တစ်ရက်သေတယ် နှစ်ရက်သေတယ် 

မနေ့က ၃ရက်မြောက်နေ့ ကျဆုံးတာအများဆုံးပဲ

အခုချိန်က ကျွန်တော်တို့ အသက်တွေမဆုံးရှုံးပဲနဲ့

ဆန္ဒထုတ်ဖော်ရမဲ့ နည်းအသစ်ကို လုပ်မှရတော့မှာပါ

တစ်ကမ္ဘာလုံးကလဲစောင့်ကြည့်နေကြတယ်

ကျည်ဆံပါတဲ့ သေနတ်ဆိုတာ 

ပစ်စရာရှိမှ အလုပ်လုပ်လို့ရတာပါ

ပစ်စရာမတွေ့ရင် တစ်နေကုန် သေနတ်ကြီးတွေထမ်း/

လမ်းမှာလဲ ဝင်စားစရာ ဆိုင်ကလဲမရှိ

ဘယ်ပြည်သူကမှလဲ သူတို့ကို ကွမ်းတရာ

ရေတမုတ်တောင်မတိုက်ရင် ဒီကောင်တွေ 

အနည်းငယ်တော့ ညစ်လာမှာပဲ 

ကိုယ့်လမ်း/ကိုယ့်ရပ်ကွက်ထဲမှာပဲ 

ပြည်သူအချင်းချင်းထိန်းထိန်းသိမ်းသိမ်းနဲ့

အသက်တွေထပ်မဆုံးရှုံးရအောင် ဘောလုံးကစားသလို 

ဂိုးမသွင်းသေးပဲ လူပေးပြီးခွေးရူးလုပ်ကစားနေရုံပါပဲ

သူတို့တွေသေနတ်ကြီးကိုင်လာပြီး 

ပစ်စရာမတွေ့တဲ့နေ့တွေများလာလေ 

သူတို့ အစီအမံတွေ နှောင့်နှေးလာမယ် 

ကြန့်ကြာလာမယ် 

အဓိကက ကျွန်တော်တစ်ဦးတည်းရဲ့ ဥာဏ်မှီသလောက်

အတွေးကတော့ ပြည်သူ့အသက်တွေကို ပြန်ထိန်းသိမ်းစေချင်တာပါ 

ဆန္ဒထုတ်ဖော်တာတွေလဲ Twitter တို့်မှာ တောက်လျှောက် Tweet နေရင်းနဲ့ ကမ္ဘာကိုတင်ပြလို့ရပါတယ် 

အမှားများရှိသွားလဲ ထောက်ပြပေးပါ 

ချစ်ခြင်းများစွာဖြင့်

သာမန်ပြည်သူတစ်ဦး 

#ရဲခေါင်ဖူး " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက်  ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-X-boxing’s Facebook page 

Photo Crd-X-boxing’s Facebook Page
Photo Crd-X-boxing’s Facebook Page
Photo Crd-X-boxing’s Facebook Page
Photo Crd-X-boxing’s Facebook Page
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T