နွေဦးတော်လှန်ရေးအတွင်းမှာ မတရားမှုကိုအတူတူတွန်းလှန်ကြရင်း အဖိုးတန်မိတ်‌ဆွေ‌ကောင်းတွေအများကြီးကို ပိုင်ဆိုင်ခဲ့ရကြောင်းပြောပြလာတဲ့ ပိုင်ဖြိုးသု

//s9.kh1.co/49/4996bfe0332de3c508245629a9749ed21fd84a51.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

နွေဦးတော်လှန်ရေးအတွင်းမှာ မတရားမှုကိုအတူတူတွန်းလှန်ကြရင်း အဖိုးတန်မိတ်‌ဆွေ‌ကောင်းတွေအများကြီးကို ပိုင်ဆိုင်ခဲ့ရကြောင်းပြောပြလာတဲ့ ပိုင်ဖြိုးသု

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ပြီး အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မင်းသမီးပိုင်ဖြိုးသုကတော့ အေးချမ်းတဲ့ မိသားစုလေးကို ခင်ပွန်းသည်ဏကြီးနဲ့အတူ တည်ဆောက်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ စိတ်တူကိုယ်တူရှိကြတဲ့ သူမတို့ဇနီးမောင်နှံကတော့ အမှန်တရားဘက်ကနေ ရပ်တည်ရင်း လူထုလှုပ်ရှားမှုတွေစတင်တဲ့နေ့ကတည်းက တက်တက်ကြွကြွပါဝင်ခဲ့သူတွေပဲဖြစ်ပါတယ်။

Photo Credit :Paing Phyoe Thu ' s Facebook Page
Photo Credit :Paing Phyoe Thu ' s Facebook Page
Photo Credit :Paing Phyoe Thu ' s Facebook Page
Photo Credit :Paing Phyoe Thu ' s Facebook Page

လူထုလှုပ်ရှားမှုတွေမှာလည်း စိတ်အားထက်သန်မှုအပြည့်နဲ့ပါဝင်လျက်ရှိနေတဲ့ ပိုင်ဖြိုးသုကတော့ နွေဦးတော်လှန်ရေးကာလအတွင်းမှာ မတရားမှုကိုအတူတူတွန်းလှန်နေကြရင်း အဖိုးတန်မိတ်‌ဆွေ‌ကောင်းတွေအများကြီးကို ပိုင်ဆိုင်ခွင့်ရခဲ့ကြောင်းပြောပြလာခဲ့ပါတယ်။ပိုင်ဖြိုးသုကတော့ " တော်လှန်ရေးကာလအတွင်းမှာ.... ကျွန်မတို့ ဘယ်လိုမှမျက်နှာချင်းမဆိုင်ချင်တော့လို့ စွန့်လွှတ်လိုက်ကြရတဲ့ ဟိုးတစ်ချိန်ကမိတ်ဆွေဟောင်း သူငယ်ချင်း‌ဟောင်းတွေရှိတယ် "ဆိုပြီး ရေးသားထားခဲ့ပါတယ်။

Photo Credit :Paing Phyoe Thu ' s Facebook Page
Photo Credit :Paing Phyoe Thu ' s Facebook Page
Photo Credit :Paing Phyoe Thu ' s Facebook Page
Photo Credit :Paing Phyoe Thu ' s Facebook Page

ပိုင်ဖြိုးသုကတော့ " အရင်တုန်းကမိတ်ဆွေသူငယ်ချင်းဘဝကနေ အခုရဲဘော်ရဲဘက်အဖြစ် ဘေးနားမှာမားမားမတ်မတ်ရပ်တည်ပေးကြတဲ့ မတရားမှုကိုအတူတူတွန်းလှန်နေကြတဲ့ အဖိုးတန်မိတ်‌ဆွေ‌ကောင်းတွေအများကြီးကိုကျွန်မတို့ပိုင်ဆိုင်ခွင့်ရခဲ့ကြပြီ...အရေးတော်ပုံအောင်ရမည် "ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ မြန်မာပြည်သူပြည်သူတွေအားလုံး စိတ်ချမ်းသာပျော်ရွှင်ပြီး လိုချင်တဲ့ပန်းတိုင်တွေကို ရောက်ရှိကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။

Source:Paing Phyoe Thu ' s Facebook Acc

Photo Credit :Paing Phyoe Thu ' s Facebook Page
Photo Credit :Paing Phyoe Thu ' s Facebook Page
Photo Credit :Paing Phyoe Thu ' s Facebook Page
Photo Credit :Paing Phyoe Thu ' s Facebook Page
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T