တတိယအကြိမ် စားဝတ်နေရေးခက်ခဲနေသော စက်ဆန်း နှင့် သန်လျင် မီးရထားဝင်း အတွင်းရှိ ဝန်ထမ်းပြည်သူများအတွက် စုပေါင်းကာ အလှူပြုခဲ့တဲ့ နေဒွေး

//s9.kh1.co/8b/8b69de250098f83dfd00adb68b107cbaa7ac6a5a.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ပရိသတ်ကြီးရေ......ရုပ်ရှင် သရုပ်ဆောင် မင်းသားချော နေဒွေးကတော့ အနုပညာလောကတွင် အချိန်အတော်ကြာ အောင်မြင်နေတဲ့ အပြင် လက်ရှိအချိန်ထိလည်း သူ့ကို အားပေးချစ်ခင်နေကြတုန်း ပဲဖြစ်ပါတယ်။နေဒွေးကတော့ ဗီဒီ ယို ဇာတ်ကားတွေကို ရိုက်ကူးခဲ့တာဖြစ်ပြီး ခေါင်းဆောင် မင်းသားနေရာကနေ ပီပြင်ကောင်းမွန်စွာ ပါဝင်သရုပ်ဆောင်ခဲ့တာ ပဲဖြစ်ပါတယ်။လတ်တလောမှာတော့ နေဒွေးဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ တစ်ရပ်ကြောင့် ပြည်သူပရိသတ်တွေနဲ့ အတူ ပါဝင်လှုပ်ရှားနေတာလည်း ဖြစ်ပါတယ်နော်.....။

Photo Credit - Nay Dway FB Account
Photo Credit - Nay Dway FB Account
Photo Credit - Nay Dway FB Account
Photo Credit - Nay Dway FB Account

မြန်မာနိုင်ငံအတွင်းမှာ အရေးပေါ်ဖြစ်ပေါ်နေတာကြောင့် နေဒွေးက အမှန်တရားဘက်ကနေ ရဲရင့်ပြတ်သားစွာ ရပ်တည်နေကာ လမ်းမပေါ်ထွက်ပြီး ရင်ထဲက ဆန္ဒတွေကို အေးချမ်းစွာ ထုတ်ဖော်ပြသနေတာ ပဲဖြစ်ပါတယ်။ဒီလိုဖြစ်နေတဲ့ အချိန်တွင် ပြည်သူတွေ အတွက် အလှူ အတန်းတွေကိုလည်း ဆက်တိုက်ဆိုသလို ကူညီပေးလျက်ရှိနေတဲ့ မင်သားတစ်လက် ဖြစ်ပါတယ်နော်.....။မကြာသေးခင် နာရီပိုင်းလောက်ကလည်း သူရဲ့လူမူကွန်ယက်စာမျက်နှာထက်တွင် စားဝတ်နေရေးခက်ခဲနေတဲ့ ဝန်ထမ်းပြည်သူများအတွက် ကိုယ်တိုင်သွားရောက် လှူဒါန်းနေတာကို တင်ပေးလာတာ ဖြစ်ပါတယ်။

Photo Credit - Nay Dway FB Account
Photo Credit - Nay Dway FB Account
Photo Credit - Nay Dway FB Account
Photo Credit - Nay Dway FB Account

နေဒွေးက "တတိယအကြိမ် စားဝတ်နေရေးခက်ခဲနေသော စက်ဆန်း နှင့် သန်လျင် မီးရထားဝင်း အတွင်းရှိ ဝန်ထမ်းပြည်သူများအတွက် လင်းရောင်ခြည်မိသားစု , BTZ လူငယ်များအဖွဲ့ နှင့် ထိုင်းနိုင်ငံမှရွှေမြန်မာများအဖွဲ့ စုပေါင်းအလှု??????"ဆိုပြီး စာသားနဲ့အတူ လှူဒါန်းမှု ပုံရိပ်တွေကို ပရိသတ်တွေ အတွက် မျှဝေပေးလာတာ ဖြစ်ပါတယ်။ယခုလိုအခြေအနေမျိုးတွင် နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင် ကုသိုလ်ပြုနေတဲ့ ပုံရိပ်တွေကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Nay Dway FB Account
Photo Credit - Nay Dway FB Account
Photo Credit - Nay Dway FB Account
Photo Credit - Nay Dway FB Account

သတင်း အရင်းအမြစ်Nay Dway FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T