ပရိသတ်အချစ်တော်မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့တူမချောလေးဖြစ်တဲ့ မေတိုးခိုင်ကတော့ အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်စွာလျှောက်လှမ်းနေရပြီပဲ ဖြစ်ပါတယ် ။ အဒေါ်ဖြစ်သူရဲ့အားပေးကူညီမှုကို ရရှိထားသလို ကိုယ်ပိုင်အရည်အချင်းလည်းအပြည့်ရှိတဲ့ မေတိုးခိုင်က ငယ်ရွယ်ပေမယ့် စိတ်ဓာတ်ခိုင်မာပြီး ရဲရင့်သူလေး ဖြစ်ပါတယ် ။ ဒါကြောင့် မေတိုးခိုင်က လူထုလှုပ်ရှားမှုတွေမှာဆိုရင် ပြည်သူတွေနဲ့အတူ မမောနိုင်အပန်းနိုင်အောင် ပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။
မေတိုးခိုင်က ပြည်သူ့ဝန်ထမ်းတွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် အားပေးစကားလေးတွေကိုလည်း အမြဲတမ်းပြောကြားပေးနေသလို အားလုံးနဲ့အတူ ရပ်တည်နေတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် မေတိုးခိုင်က ပြည်သူတွေအတွက် အသုံးဝင်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက်တွေကိုလည်း အမြဲလိုလို မျှဝေပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း မေတိုးခိုင်က သတင်းအမှားတွေကြောင့် မလိုအပ်တာတွေမဖြစ်ရအောင် ဆင်ခြင်ရမယ့်နည်းလမ်းတွေကို သုံးသပ်ပြောပြထားတာ ဖြစ်ပါတယ် ။
မေတိုးခိုင်က "ခိုင်လုံမှုမရှိတဲ့သတင်းတွေကို လွယ်လွယ်ကူကူမရှဲဖို့အတွက် မေတ္တာရပ်ခံပါတယ်.... သတင်းတွေက အရမ်းများတော့ မလိုအပ်တဲ့နေရာကို အာရုံသွားစိုက်မိရင် တကယ်လိုအပ်တဲ့နေရာတွေမှာ အားလျော့သွားတာတွေ ဖြစ်စေမှာမို့ပါ ?.....တိကျတဲ့သတင်းတွေက နောက်ကျချင်ကျပါမယ် အချိန်နည်းနည်းယူပြီး စောင့်ပေးပါ...မန္တလေး ဒီနေ့ကျသွားတဲ့သမီးလေးရဲ့သတင်းဆို ကျသွားခါနီးမှာရိုက်ထားတဲ့ပုံပိုင်ရှင်က ဖြေရှင်းလာပါပြီ.. ဖြစ်နိုင်ရင် သတင်းဘယ်လောက်ခိုင်လုံသလဲဆိုတာ တင်တဲ့အကောင့်ပိုင်ရှင်ထိ လိုက်ကြည့်ပေးစေလိုပါတယ်.... ပိုင်ရှင်အကောင့်ရဲ့ history ကိုလိုက်ကြည့်လိုက်ရင် ဒီသတင်းမှန်မမှန်နဲ့ Psywar တင်တဲ့အကောင့်လားဆိုတာ ခွဲခြားသိနိုင်မှာပါ ကျေးဇူးတင်ပါတယ် ?" ဆိုပြီး သူမရဲ့Instagram Story မှာ တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ပရိသတ်တွေလည်း သတိထားလို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit -maytoekhine-mtk's ig story