ပရိသတ်ကြီးရေ.. ဂီတလောကမှာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အောင်မြင်မှုတွေအခိုင်အမာရရှိထားကြတဲ့ အဆိုတော်အိမ့်ချစ်ကိုတော့ ယောကျ်ားလေး မိန်းကလေး ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေကြသူလေးပဲ ဖြစ်ပါတယ်..။
အိမ့်ချစ်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျလှူဒါန်းမှုတွေလည်း ပြုလုပ်ကာ ပြည်သူတွေနဲ့အတူ အပြည့်အဝရပ်တည်နေသူလေးလည်း ဖြစ်ပါတယ်နော်..။
အိမ့်ချစ်ဟာ ဒီကနေ့လေးမှာလည်း တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ကာ တစ်ဖက်တစ်လမ်းကနေ အားဖြည့်ပါဝင်နေသလို ပြည်သူတွေဘေးကင်းစေဖို့ကိုလည်း ဆို့နစ်စွာ ပြောပြလာပါတယ်နော်..။
မြေပြင်က သူရဲကောင်းပြည်သူတွေအတွက် ကာကွယ်ရေးပစ္စည်းတွေလှူရင်း လိုတာယူပြီး ဘေးကင်းကင်းနဲ့ပြန်ခဲ့မယ်လို့ကတိပေးပါဆိုပြီး မျှော်လင့်ချက်လေးတွေနဲ့ ဆို့နစ်စွာ ရင်ဖွင့်ပြောပြကာ အလှူလေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်နော်..။
"လိုတာယူပါ ဘေးကင်းကင်းနဲ့ ပြန်ခဲ့မယ်လို့ကတိပေးပါ
Safety & Defense ပစ္စည်းများအတွက်တတ်နိုင်
သလောက်ထည့်ဝင်လှူဒါန်းထားတဲ့အလှူလေး
ပစ္စည်းတွေဒီနေ့စဝေနေပါပြီ ??????
ပါဝင်နိုင်အောင်စီစဉ်ပေးတဲ့အကိုလည်းကျေးဇူးပါ
??????.." ဆိုပြီး အိမ့်ချစ်က ရေးသားထားတာ ဖြစ်ပါတယ်..။
ပရိသတ်တွေကလည်း အိမ့်ချစ်လေးရဲ့ မျှော်လင့်ဆုတောင်းစကားလေးတွေနဲ့ အလှူလေးကို အားပေးစကားလေးတွေလည်း ပြောထားကြသလို Comment လေးတွေမှာလည်း မှတ်ချက်လေးတွေ ပေးထားကြတာ တွေ့ရပါတယ်နော်..။
သတင်း အရင်းအမြစ်៖ Eint Chit's Fb Acc