အသက်(၉၀)ကျော်အဘိုးကစလို့ အငယ်ဆုံးမောင်လေးအထိ အကုန်လမ်းပေါ်ထွက်ပြီး နိုင်ငံ့အကျိုးအတွက်အတူကြိုးစားနေကြတဲ့ ပိုးကြာဖြူခင်တို့မိသားစု

//s9.kh1.co/11/1107ea4f1eb28bd4779ad6acc0c1066e24a6bc17.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

အသက်(၉၀)ကျော်အဘိုးကစလို့ အငယ်ဆုံးမောင်လေးအထိ အကုန်လမ်းပေါ်ထွက်ပြီး နိုင်ငံ့အကျိုးအတွက်အတူကြိုးစားနေကြတဲ့ ပိုးကြာဖြူခင်တို့မိသားစု

သရုပ်ဆောင် မင်းသမီးချောလေး ပိုးကြာဖြူခင်ကတော့ ပြည်သူတွေဘက်ကနေ အခိုင်အမာ ရပ်တည်ပေးနေတဲ့သူလေးပဲ ဖြစ်ပါတယ် ။ တက်တက်ကြွကြွရှိတဲ့ ပိုးကြာဖြူခင်က လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ပါဝင်ရုံသာမက ပြည်သူတွေအတွက် အာဟာရဒါနပြုပြီး ကုသိုလ်ယူနေတာလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် ပိုးကြာဖြူခင်က သူမနေထိုင်တဲ့နေရာအနီးမှာရှိတဲ့ ပြည်သူတွေအတွက် တစ်နေ့တစ်မျိုးမရိုးရအောင် အရသာရှိတဲ့အစားအသောက်တွေကို ချက်ပြုတ်ပြင်ဆင်ပြီး ဝေငှပေးနေတာပဲ ဖြစ်ပါတယ် ။

Photo Credit -Poe Kyar Phyu Khin's FB Page

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ပိုးကြာဖြူခင်က အနုပညာမောင်နှမတွေနဲ့အတူ ရင်တွင်းဆန္ဒတွေကို ဖော်ပြတောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ် ။ ပိုးကြာဖြူခင်သာမက သူမရဲ့မိသားစုဝင်တွေအားလုံးကလည်း ကိုယ့်နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ တာဝန်တွေကိုယ်စီ ကျေပွန်နေကြတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ ပိုးကြာဖြူခင်က သူမချစ်ရတဲ့မိသားစုဝင်တွေနဲ့အတူ လူထုလှုပ်ရှားမှုတွေကို ရဲဝင့်တက်ကြွစွာ လုပ်ဆောင်နေတာကို အားလုံးလည်း မြင်တွေ့ကြမယ် ထင်ပါတယ်နော် ။

Photo Credit -Poe Kyar Phyu Khin's FB Page
Photo Credit -Poe Kyar Phyu Khin's FB Page
Photo Credit -Poe Kyar Phyu Khin's FB Page
Photo Credit -Poe Kyar Phyu Khin's FB Page
Photo Credit -Poe Kyar Phyu Khin's FB Page
Photo Credit -Poe Kyar Phyu Khin's FB Page
Photo Credit -Poe Kyar Phyu Khin's FB Page
Photo Credit -Poe Kyar Phyu Khin's FB Page

အခုလည်း ပိုးကြာဖြူခင်က " အားလုံးနဲ့အတူ ပုဇွန်တောင်သူ ❤️ 3.3.2021 အရေးတော်ပုံအောင်ရမည် " ဆိုပြီး သူမရဲ့တို့မိသားစုရဲ့လှုပ်ရှားမှုပုံရိပ်တွေကို တင်ထားတာ ဖြစ်ပါတယ် ။ ပိုးကြာဖြူခင်တို့မိသားစုမှာတော့ အသက် (၉၆)နှစ်အရွယ် အဘိုးကစလို့ အသက်အငယ်ဆုံးမောင်လေးအထိ အကုန်အပြင်ထွက်ပြီး ပြည်သူတွေနဲ့အတူ ပါဝင်အားဖြည့်ပေးနေတာ ဖြစ်ပါတယ် ။ ကဲ နိုင်ငံ့အကျိုးအတွက် စိတ်အားထက်သန်စွာ ကြိုးစားနေကြတဲ့ ပိုးကြာဖြူခင်တို့မိသားစုရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit -Poe Kyar Phyu Khin's FB Page

Photo Credit -Poe Kyar Phyu Khin's FB Page
Photo Credit -Poe Kyar Phyu Khin's FB Page
Photo Credit -Poe Kyar Phyu Khin's FB Page
Photo Credit -Poe Kyar Phyu Khin's FB Page
Photo Credit -Poe Kyar Phyu Khin's FB Page
Photo Credit -Poe Kyar Phyu Khin's FB Page
Photo Credit -Poe Kyar Phyu Khin's FB Page
Photo Credit -Poe Kyar Phyu Khin's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T