အဆိုတော် ဖြူဖြူကျော်သိန်းကတော့ ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ပရိသတ်တွေသတင်းအချက်အလက်တွေကိုလည်း အချိန်နဲ့တစ်ပြေးညီသိရှိနိုင်အောင်လည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ညစဉ် ၈ နာရီရောက်တိုင်းလည်း သူမရဲ့အိမ်ရှေ့တွင် သံဗုံးတီးလှုပ်ရှားမှုအစီအစဉ်ကိုလည်း လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဖြူဖြူရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ခံစားချက်ကိုရှေ့တန်းမတင်ဘဲဦးနှောက်နဲ့စဉ်းစားပြီးရှေ့ဆက်တော်လှန်သင့်ကြောင်း သုံးသပ်ပြောပြလာတာပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးကအမှတ်ပေးဝန်းရံပေးနေတဲ့ လက်ရှိအခြေအနေကို အပျက်စီးမခံသင့်ကြောင်းကိုလည်း အခုလို ရှင်းပြပေးထားတာပဲ ဖြစ်ပါတယ်။ " သတ်တယ်။
ဘာလို့သတ်တာလဲ?
အဖြေကအများကြီးပဲ။
ဒါပေမယ့်...၂ ခုပဲအရင်ပြောမယ်။
ကြောက်အောင် နဲ့ ဒေါသထွက်အောင်။
အဲ့ဒီ ၂ ခုကတွဲနေတတ်တယ်။
လက်စားချေဖို့၊ အကြမ်းဖက်ဖို့၊ အဓိကရုဏ်းဖြစ်ဖို့ ဆီကိုဦးတည်တယ်။
အခုကမ္ဘာကြီးကအမှတ်ပေးဝန်းရံနေတဲ့ peaceful protest by the people of Myanmar ဆိုတဲ့ပုံရိပ်ကောင်းကိုပျက်စီးအောင်လုပ်ချင်တာပဲ။
အဲ့ဒါပျက်စီးသွားလို့မရဘူး။
အဲ့တော့ဘာလုပ်မလဲ?
ခံစားချက်ကိုရှေ့တန်းမတင်ပဲ ဦးနှောက်နဲ့ပဲ ရှေ့ဆက်မယ်။
နာစရာကိုနှလုံးသားမှာတက်တူးလိုထိုးထားမယ်။
ငြိမ်းချမ်းစွာဆန္ဒပြမယ်။
ကိုယ့်အချင်းချင်း ရှေ့တန်းနောက်တန်း ပိုစည်းလုံးမယ်။
အရေးတော်ပုံ အောင်ရမယ်။ " ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။
Source and Photo Crd-Phyu Phyu Kyaw Thein’s Facebook Page