နွေဦးတော်လှန်ရေးမှာ နိုင်ငံအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အဆိုတော် Bobby Soxer

//s9.kh1.co/b1/b12891ed212e20231a1b8b1c8b3b56b3ac5e9663.jpg
အနုပညာရှင်များ

 ၀၄-မတ်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ဂီတကို ချစ်မြတ်နိုးသူဖြစ်လို့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာလမ်းကြောင်းထက်ကို လျှောက်လှမ်းလာခဲ့တဲ့ သူလေးကတော့ အဆိုတော် Bobby Soxer ပဲ ဖြစ်ပါတယ်။ Rapသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်သူဖြစ်ပြီး ထွက်ရှိထားတဲ့ သီချင်းတွေကလည်း လူငယ်တွေအကြိုက်နဲ့ ထပ်တူကျတာဖြစ်လို့ အောင်မြင်မှုတွေများစွာရရှိထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် ဂီတနဲ့ ပတ်သတ်တဲ့ ဆုတံဆိပ်ပေါင်းများစွာကိုလည်း ရရှိထားပါသေးတယ်နော်။

Photo credit - Bobby Soxer 's FB page 
Photo credit - Bobby Soxer 's FB page 

အနုပညာလမ်းကြောင်းထက်မှာ အောင်မြင်မှုတွေများစွာရရှိထားတဲ့ သူမက အချစ်ရေးနဲ့ပတ်သတ်ရင်လည်း အများက အားကျစရာ Relationship တစ်ခုကို တည်ဆောက်ထားတာပါ။ သူမရဲ့ လှုပ်ရှားမှုလေးတွေနဲ့ အချစ်ရေးကို စိတ်ဝင်စားအားပေးကြတဲ့ ပရိသတ်တွေအတွက်လည်း Bobby Soxer က လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ ဝေမျှလေ့ရှိတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ Bobby Soxerက အနုပညာလှုပ်ရှားမှုတွေကို ခေတ္တရပ်နားထားပြီး ပြည်သူတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo credit - Bobby Soxer 's FB page 
Photo credit - Bobby Soxer 's FB page 
Photo credit - Bobby Soxer 's FB page 
Photo credit - Bobby Soxer 's FB page 

လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ဝန်းရံနေတဲ့ Bobby Soxer က မကြာသေးတဲ့ အချိန်ကလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ " အုတ်၁ချပ် သဲ၁ပွင့် နွေဦးရောက်တော့မှာပါ " ဆိုတဲ့ စာသားလေးနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ပုံလေးတွေကို တင်ပေးလာတာပါ။ အခုလို နွေဦးတော်လှန်ရေးမှာ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့တဲ့ Bobby Soxer ရဲ့ ပုံလေးတွေကို ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။ 

Photo credit - Bobby Soxer 's FB page 
Photo credit - Bobby Soxer 's FB page 
Photo credit - Bobby Soxer 's FB page 
Photo credit - Bobby Soxer 's FB page 

သတင်း အရင်းအမြစ်Source - Bobby Soxer 's FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T