အဆိုတော် G Fatt ကတော့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်ဆောင်ရွက်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဖေဖော်ဝါရီတစ်လလုံးလုံး နားရက်မရှိလောက်အောင် တက်ကြွစွာပါဝင်လှုပ်ရှားနေပြီး လမ်းပေါ်ထွက်နေကြတဲ့ ပြည်သူတွေအတွက်လည်း စိတ်ဓာတ်ခွန်အားအပြည့်အဝပေးတဲ့ သီချင်းတွေ သီဆိုဖျော်ဖြေပေးနေတာလည်း ဖြစ်ပါတယ်။
တော်လှန်ရေးအတွင်း မမျှော်လင့်ဘဲ ကြွေလွင့်သွားခဲ့ကြရတဲ့ သူရဲကောင်းတွေအတွက်လည်း ဝမ်းနည်းနေပြီး သူတို့အတွက် ရည်စူးကာ ဆုတောင်းပွဲတွေလည်း လုပ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း G Fatt ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ သူ့ရဲ့အတွေးလေးတွေကို ပရိသတ်တွေအား ပြောပြလာတာပဲ ဖြစ်ပါတယ်။ သူဟာ အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေအတွက် သေချာစဉ်းစားပြီး တော်လှန်ကြရမည်ဖြစ်ကြောင်းကိုလည်း
" သားကြီးတို့ရေ ၈၈ က စောက်ချိုးတွေ ၂၁ မှာ လာမချိုးနဲ့လို့ ငါတို့အတူတူတို့ အော်ခဲ့တာ ပြန်သတိရပေးပါကွာ ဒီပွဲနိုင်မှဖြစ်မယ်
အသက်ပေးသွားတဲ့သူရဲကောင်းတွေ အတွက် ငါတို့သေချာစဥ်းစား တော်လှန်ကြမယ် ငါတို့လည်း စိတ်ခံစားချက်တွေ အပြင်းထန်ဆုံးပေါ့ကွာ သွေးမကွဲကြေး ဖြစ်သင့်တာ ဝိုင်းစဥ်းစားရေး .. တစ်ယောက်နဲ့တစ်ယောက် အမြင်တွေသေချာဖလှယ် ရေး နော် ...ငါလည်း မင်းတို့နဲ့ တစ်သားတည်းခံပြင်းပြီး ဖြစ်သင့်တာတွေ ချင့်ချိန်နေရတယ် အရေးတော်ပုံအောင်ကိုအောင်ရမယ် ဟေ့ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။ အားလုံးလည်း ဒီကာလမှာ ဂရုတစိုက်နဲ့နေထိုင်ကြပါလို့လည်း တိုက်တွန်းပြောကြားလိုက်ပါရစေနော်။
Source and Photo Crd- G Fatt’s Facebook Account