ပြည်သူတစ်ယောက်အနေနဲ့ လူထုလှုပ်ရှားမှုကြီးမှာ တတ်နိုင်သရွေ့ပါ၀င်ကာ လမ်းတလျှောက်အကာအကွယ်တွေပြုလုပ်အားဖြည့်နေတဲ့ လွှမ်းပိုင်

//s9.kh1.co/7e/7e7d20374c1c77c1b7818ef6b40c121b64fe234c.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

.

ဖေဖော်ဝါရီလ ၁ရက်နေ့ကစတင်ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ဟာ အခုဆိုရင် တစ်လကျော်ခန့်ကြာမြင့်နေပြီဖြစ်ပါတယ်.....။ လတ်တ‌လောမတည်ငြိမ်နေတဲ့အခြေအနေရပ်ရပ်ကြောင့် ပြည်သူတစ်ရပ်လုံးပါ၀င်ကာ ရဲရင့်တက်ကြွစွာနဲ့ လူထုလှုပ်ရှားမှုတွေကိုလုပ်ဆောင်နေကြတာဖြစ်ပြီး အနုပညာရှင်တွေများစွာလည်း ပါ၀င်လှုပ်ရှားနေတာဖြစ်ပါတယ်နော်.....။

Photo credit-​ Hlwan Paing's Facebook acc
Photo credit-​ Hlwan Paing's Facebook acc
Photo credit-​ Hlwan Paing's Facebook acc
Photo credit-​ Hlwan Paing's Facebook acc

အခုလိုမျိုးပြည်သူတစ်ယောက်အနေနဲ့ တာ၀န်ကျေပွန်နေတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် လွှမ်းပိုင်တစ်ယောက်လည်းအပါအ၀င်ဖြစ်ပါတယ်။ လွှမ်းပိုင်ဟာ လူထုလှုပ်ရှားမှုတွေမှာပါ၀င်နေတဲ့အပြင် တတ်နိုင်တဲ့ဘက်ကနေလည်း အစားအသောက်နဲ့အအေးဘူးတွေကိုလည်း လှူဒါန်းပေးနေတာကိုတွေ့ရပါတယ်နော်....။

Photo credit-​ Hlwan Paing's Facebook acc
Photo credit-​ Hlwan Paing's Facebook acc
Photo credit-​ Hlwan Paing's Facebook acc
Photo credit-​ Hlwan Paing's Facebook acc

အခုဆိုရင်လည်း လူထုလှုပ်ရှားမှုတွေအားကောင်းလာတာနဲ့အမျှ အခက်အခဲတွေများစွာကြုံတွေ့နေရတဲ့အတွက် ပြည်သူတွေအနေနဲ့လည်း အကာအကွယ်တွေကိုယ်စီ၀တ်ကြကာ နေထိုင်ရာလမ်းတစ်လျှောက်မှာလည်း အတားအဆီးတွေလုပ်နေကြတာဖြစ်ပါတယ်။ အခုဆိုရင်လည်း လွှမ်းပိုင်ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ "ကျွန်တော်တို့ကပြည်သူတွေပါဗျာ ..... ?" ဆိုတဲ့ captionလေးနဲ့အတူ အကာအကွယ်တွေ၀တ်ဆင်ရင်း ပြည်သူတွေနဲ့တသားတည်းရပ်တည်နေတဲ့ပုံတွေကိုတင်ပေးခဲ့ပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Hlwan Paing's Facebook acc
Photo credit-​ Hlwan Paing's Facebook acc
Photo credit-​ Hlwan Paing's Facebook acc
Photo credit-​ Hlwan Paing's Facebook acc

သတင်း အရင်းအမြစ်Hlwan Paing's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T