နိုင်ထက်စီးနင်းလုပ်သမျှကိုလည်စင်းခံနေရတဲ့ ပြည်သူတွေကိုကြည့်ပြီး ရင်ထဲမချိအောင်အံကြိတ်မျက်ရည်ကျကာ နာနာကျည်းကျည်းပြောပြလာတဲ့ ကျော်ထက်ဇော်

//s9.kh1.co/da/dafa788c5f20acd62941e3c0ae8062969b531ae8.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. အခုဆိုရင် ပြည်သူတွေရဲ့တော်လှန်ရေးတိုက်ပွဲကြီးဟာ တစ်စထက်တစ်စ တဖြည်းဖြည်းနဲ့ ပိုမိုအားကောင်းလာပြီး ကျဆုံးသွားတဲ့သူရဲကောင်းတွေလည်း မြို့နယ်ဒေသအလိုက် အများအပြား တွေ့မြင်လာပါတယ်နော်..။

ပြည်သူတွေထဲကပြည်သူတွေကတော့ တေည်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးစွန့်လွှတ်သွားကြတဲ့ သူရဲကောင်းအာဇာနည်တွေအတွက် ရင်ထဲမချိအောင် ဝမ်းနည်းကြေကွဲနေကြရပြီး သရုပ်ဆောင်မင်းသားချောကျေည်ထက်ဇော်ကလည်း သူ့ရံခံစားချက်လေးတွေကို ပြောပြလာပါတယ်..။

Photo Credit - Kyaw Htet Zaw's Fb Acc
Photo Credit - Kyaw Htet Zaw's Fb Acc
Photo Credit - Kyaw Htet Zaw's Fb Acc
Photo Credit - Kyaw Htet Zaw's Fb Acc
Photo Credit - Kyaw Htet Zaw's Fb Acc
Photo Credit - Kyaw Htet Zaw's Fb Acc

နိုင်ထက်စီးနင်းလုပ်သမျှကိုလည်စင်းခံနေရတဲ့ ပြည်သူတွေကိုကြည့်ပြီးရင်ထဲမချိအောင် အံကြိတ်မျက်ရည်ကျရတဲ့အကြောင်းလေးတွေကို ကျော်ထက်ဇော်က နာနာကျည်းကျည်းနဲ့ ဝမ်းနည်းပက်လက်ပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

ပြီးခဲ့တဲ့ရက်တွေကတည်းက အကြမ်းဖက်ဖြိုခွဲမှုတွေကြောင့် သေဆုံးမှုတွေရှိနေခဲ့ကာ ဒီကနေ့မတ်လ(၃)ရက်နေ့ တစ်ရက်တည်းမှာတင် ကျဆုံးသွားကြတဲ့ပြည်သူတွေ (၉)ဦးအထိ ရှိခဲ့တဲ့အတွက် ယူကြုံးမရ ဝမ်းနည်းနေခဲ့ရတာပါ..။

Photo Credit - Kyaw Htet Zaw's Fb Acc
Photo Credit - Kyaw Htet Zaw's Fb Acc
Photo Credit - Kyaw Htet Zaw's Fb Acc
Photo Credit - Kyaw Htet Zaw's Fb Acc
Photo Credit - Kyaw Htet Zaw's Fb Acc
Photo Credit - Kyaw Htet Zaw's Fb Acc

"ရင်တွေကွဲရတဲ့ မတ်လ ၃ ရက်နေ့ပါဗျာ ???

ဒီနေ့တရက်ထဲကို နိုင်ငံနဲ့အဝှမ်း ၉ ဦး ကျဆုံးသွားပါတယ် .... ကျွန်တော်တို့အားလုံးဟာ လက်နက်မဲ့ပြည်သူတွေပါ ... ဒုတ် ဓါး လောက်လေးခွတောင် မပါတဲ့ ပြည်သူတွေကို လူစုခွဲဖို့ရာ ခုလို ကျည်အစစ် သုံးရက်သလားဗျာ ...

ရင်ထဲမှာ မချိအောင် နာရပါတယ် .... အံကြိတ်ပြီး မျက်ရည်တွေလည်း ကျရပါတယ် ....

လက်နက်ကိုင်တွေ ပြုသမျှ ခေါင်းငုံ့ခံရတဲ့ အပ်တိုတချောင်းတောင် မရှိတဲ့ ငါတို့ လက်နက်မဲ့ ပြည်သူတွေဘဝ ....

နိုင်ထက်စီးနင်းလုပ်သမျှ မကျေနပ်ချက်တွေက်ု နာနာကျည်းကျည်း တောက်ခေါက်ယုံကလွဲ လည်စင်းခံနေရတဲ့ ငါတို့ပြည်သူတွေဘဝ ....

ကိုယ့်အိမ်နံရံ ကျည်ဆံဘယ်အချိန် လာမှန်မလဲ စိုးရိမ်နေရတဲ့ ငါတို့ပြည်သူတွေဘဝ ...

ဘယ်အချိန် ဘယ်မှာမီးလောင်မလဲ ... အိမ်ခဲနဲ့ထုခံရမလဲ ကိုယ့်ပစ္စည်း အဖျက်စီးခံရမလဲ တွေးပူနေရတဲ့ ငါတို့ပြည်သူတွေဘဝ ...

ဒီအချိန်တွေ အမြန်ဆုံး လွန်မြောက်ပီး ဓမ္မရဲ့ အောင်ပွဲအချိန် အမြန်ဆုံး ရောက်ပါရစေ ....

အဓမ္မဝါဒီ အမြန်ဆုံး ကျဆုံးပါစေ ....

အရေးတော်ပုံ အောင်ရမည် ....

( သွေးထွက်သံယိုပုံတွေ မြင်ရင် ထပ်ပီး ဝမ်းနည်းရမှာမို့ နားလည်ပေးပါခင်ဗျာ )

We Want Justices

We Want Democracy.." ဆိုပြီး ဝမ်းနည်းကြေကွဲစွာ ရေးသားထားတာပါ..။

Photo Credit - Kyaw Htet Zaw's Fb Acc
Photo Credit - Kyaw Htet Zaw's Fb Acc
Photo Credit - Kyaw Htet Zaw's Fb Acc
Photo Credit - Kyaw Htet Zaw's Fb Acc
Photo Credit - Kyaw Htet Zaw's Fb Acc
Photo Credit - Kyaw Htet Zaw's Fb Acc

သတင်း အရင်းအမြစ်Kyaw Htet Zaw's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T