ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ကာ ကြောက်ပေမယ့်လည်း အနာဂတ်အတွက် ဇွဲ့မလျော့ပဲ အားသွန်ခွန်စိုက် လုပ်ဆောင်နေတဲ့ မေကဗျာ

//s9.kh1.co/c8/c8e9e019aefd56e4f1a0137d6fa33e21db070818.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာလောကမှာ ဆယ်စုနှစ်မက အောင်မြင်ကျော်နေတဲ့ ပရိသတ်တွေရဲ့ အချစ်တော် မေကဗျာကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်နော်.....။မေကဗျာဟာ ဗီဒီယိုဇာတ်ကားတွေ အများအပြားကို ရိုက်ကူးခဲ့တာ ဖြစ်ပြီး အခုနောက်ပိုင်းတွင်လည်း ဇာတ်လမ်းတွဲတွေမှာ ပါဝင် သရုပ်ဆောင်နေတာကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက် ပဲဖြစ်ပါတယ်။သူမဟာအရွယ်နဲ့ မလိုက်အောင် နုပျိုလှပတာ ဖြစ်တဲ့အပြင် သမီးလေး တစ်ယောက်ကိုလည်း ရရှိထားကာ အနုပညာလမ်းကြောင်းပေါ်ကို ဆက်လက်လျှောက်လှမ်းနေသူလေး ဖြစ်ပါတယ်။

Photo Credit -May Kabyar FB  Page
Photo Credit -May Kabyar FB Page
Photo Credit -May Kabyar FB  Page
Photo Credit -May Kabyar FB Page
Photo Credit -May Kabyar FB  Page
Photo Credit -May Kabyar FB Page

မေကဗျာဟာ လက်ရှိဖြစ်ပေါ်နေတာတွေနဲ့ ပက်သက်ပြီး ပြည်သူတွေနဲ့ တစ်သားတည်း ပါဝင်ကာ ရင်ထဲက ဆန္ဒအမှန်တွေကို ပြတ်ပြတ်သားသား ထုတ်ဖော်နေတာ ပဲဖြစ်ပါတယ်။သူမကတော့ လမ်းမပေါ်ထွက်ကာ ငြိမ်းချမ်းစွာ လုပ်ဆောင်သလို ဘာသာရေးဘက်ကနေလည်း မြတ်စွာဘုရားရှင်အား ဆွမ်းကပ် ကုသိုလ်ပြု အဓိဌာန် ဝင်ကာ မြန်မာပြည်ကြီးနဲ့ ပြည်သူတွေ အေးချမ်းစေဖို့အတွက် ဆုတောင်း မေတ္တာပို့ကာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေ အတွက်လည်း ထပ်တူထပ်မျှ ဝမ်းနည်းခံစားနေရတာ ပဲဖြစ်ပါတယ်။

Photo Credit -May Kabyar FB  Page
Photo Credit -May Kabyar FB Page
Photo Credit -May Kabyar FB  Page
Photo Credit -May Kabyar FB Page
Photo Credit -May Kabyar FB  Page
Photo Credit -May Kabyar FB Page

ဒီနေ့မှာဆိုရင်တော့ မေကဗျာက "အရေးတော်ပုံအောင်ရမည်???​ကြောက်ပါတယ် အမှန်အတိုင်းပြောရရင် ဒါပေမဲ့ ထွက်တယ်"ဆိုပြီး ရေးသားဖော်ပြကာ အမှန်တရားအတွက် ဇွဲမလျော့ပဲ လမ်းမပေါ်ထွက်ကာ ပြည်သူတွေနဲ့ ပါဝင်အားဖြည့်နေတာ ဖြစ်ပါတယ်။မေကဗျာကတော့ ယခုလို အခက်အခဲတွေများစွာထဲကနေ လူထုလှုပ်ရှားမှုမှာ ပြည်သူတွေနဲ့အတူ စည်းလုံးညီညွှတ်စွာ အားမာန်အပြည့်နဲ့ တစ်ယောက်နဲ့ တစ်ယောက် ကူညီဖေးဖရင်း အားလုံးလိုချင်တဲ့ ပန်းတိုင်ကို အတူလျှောက်လှမ်းနေကြတာ ပဲဖြစ်ပါတယ်။ကဲ......ချစ်ပရိသတ်တွေအတွက် မေကဗျာရဲ့ လှုပ်ရှားမှု ပုံရိပ်လေးတွေကို ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Photo Credit -May Kabyar FB  Page
Photo Credit -May Kabyar FB Page
Photo Credit -May Kabyar FB  Page
Photo Credit -May Kabyar FB  Page
Photo Credit -May Kabyar FB  Page
Photo Credit -May Kabyar FB Page

သတင်း အရင်းအမြစ်May Kabyar FB page

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T