မိဘတွေရင်ထဲမှာ ဘယ်လောက်တောင်ပူဆွေးနေမလဲဆိုတာကိုဝင်ခံစားကြည့်ပြီး အပြစ်မဲ့ကလေးတွေကို ထပ်မသတ်တော့ဖို့ တောင်းပန်လိုက်တဲ့ စမိုင်းလ်

//s9.kh1.co/cf/cfbf12ce75a9174946c47503dacb491cf175304a.jpeg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

မိဘတွေရင်ထဲမှာ ဘယ်လောက်တောင်ပူဆွေးနေမလဲဆိုတာကိုဝင်ခံစားကြည့်ပြီး အပြစ်မဲ့ကလေးတွေကို ထပ်မသတ်တော့ဖို့ တောင်းပန်လိုက်တဲ့ စမိုင်းလ်

ပရိသတ်ကြီးရေ အလှူအတန်း၊အပေးအကမ်း အရမ်းရက်ရောတဲ့ စမိုင်းလ်ကတော့ အခုလိုကာလမျိုးမှာလည်းပြည်သူလူထုအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတာဖြစ်ပါတယ်။စမိုင်းလ်တို့ဇနီးမောင်နှံက ဘယ်အရာမဆိုစိတ်တူကိုယ်တူရှိကြလို့ လက်ရှိမှာဆိုရင် လမ်းမပေါ်အတူတူထွက်ပြီး ရက်ရက်ရောရော အလှူအတန်းတွေလုပ်ဆောင်နေကြတာဖြစ်ပါတယ်နော်။စမိုင်းလ်တို့ကတော့ ပြည်သူတွေအတွက် အဟာရရှိမယ့် အစားအသောက်တွေနဲ့ လုံခြုံရေးကာကွယ်နိုင်မယ့် ပစ္စည်းတချို့ကို လိုက်လံလှူဒါန်းနေတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile’s Facebook page 
Photo Credit:စမိုင်းလ် Smile’s Facebook page 
Photo Credit:စမိုင်းလ် Smile’s Facebook page 
Photo Credit:စမိုင်းလ် Smile’s Facebook page 

စမိုင်းလ်ရဲ့သမီးလေးနှစ်ယောက်ကလည်း လူငယ်တွေပီပီ ရဲရင့်ပြတ်သားတဲ့စိတ်ဓာတ်နဲ့ အပြင်ထွက်ပြီး လူထုလှုပ်ရှားမှုမှာ ပါဝင်နေကြတာဖြစ်ပါတယ်။စမိုင်းလ်ကတော့ ဘာသာတရားလည်းကိုင်းရှိုင်းတာကြောင့် တစ်ဖက်တစ်လမ်းကနေလည်း ပဌာန်းရွတ်၊အဓိဌာန်တွေဝင်ပြီး နည်းမျိုးစုံနဲ့ဆောင်ရွက်နေတာဖြစ်ပါတယ်နော်။ယခုလတ်တလောမှာဆိုရင် အခြေအနေလည်းသိပ်မကောင်းတော့တာဖြစ်လို့ လူထုလှုပ်ရှားမှုမှာ လူငယ်တချို့လည်းအသက်ပေးသွားရပြီဖြစ်ကာ ပြည်သူလူထုကတော့ ရင်နင့်စွာခံစားနေကြရတာဖြစ်ပါတယ်။

Photo Credit:စမိုင်းလ် Smile’s Facebook page 
Photo Credit:စမိုင်းလ် Smile’s Facebook page 
Photo Credit:စမိုင်းလ် Smile’s Facebook page 
Photo Credit:စမိုင်းလ် Smile’s Facebook page 
Photo Credit:စမိုင်းလ် Smile’s Facebook page 
Photo Credit:စမိုင်းလ် Smile’s Facebook page 

စမိုင်းလ်ကတော့ ကျဆုံးသွားတဲ့သူရဲကောင်းတွေရဲ့မိသားစုအတွက်လည်း တစ်တပ်တစ်အားလေးပါဝင်လှူဒါန်းဦးမှာဖြစ်ပါတယ်နော်။ပြည်သူလူထုကလည်း အားမလျော့ကြသေးဘဲ အမြို့မြို့၊အနယ်နယ်မှာ ဆက်လက်ချီတက်နေကြဆဲဖြစ်လို့ ဒီနေ့မှာဆိုရင် လူငယ်တွေ ထပ်မံကျဆုံးသွားခဲ့ရပါတယ်။စမိုင်းလ်က”ကလေးတွေ အခုသေတာကလေးတွေပါရှင် တော်ကြပါတော့ ထပ်မသတ်ကြပါနဲ့တော့ တောင်းပန်ပါတယ်မိဘတွေရင်ထဲမှာဘယ်လောက်တောင်ပူဆွေးနေရမလဲ တော်ကြပါတော့ရှင်”ဆိုပြီး ဝမ်းနည်းပူဆွေးစွာနဲ့ တောင်းဆိုလာတာဖြစ်ပါတယ်နော်။

Photo Credit:စမိုင်းလ် Smile’s Facebook page 
Photo Credit:စမိုင်းလ် Smile’s Facebook page 
Photo Credit:စမိုင်းလ် Smile’s Facebook page 
Photo Credit:စမိုင်းလ် Smile’s Facebook page 

Source&Photo Credit:စမိုင်းလ် Smile’s Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T