၂၈ရက်နေ့က သေဆုံးသွားခဲ့တဲ့ အာဇာနည်သူရဲကောင်း မောင်ဇင်လင်းထက်ရဲ့ မိသားစုထံ အလှူငွေ ၁၀သိန်းကျပ်ကို သွားရောက်လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

//s9.kh1.co/1f/1fe7a48bb92a069bc940bb7025df20ba7cea3480.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ရှည်လျှားတဲ့ ဆံနွယ်တွေနဲ့ မြန်မာဆန်တဲ့ အလှတရားကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မင်းသမီးကြီး ခိုင်နှင်းဝေကတော့ ဗီဒီယိုခေတ်မှာ နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ သူတစ်ယောက်ပါတယ်။ ကောင်းမွန်ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ယနေ့တိုင် အနုပညာလောကမှာ နေရာတစ်ခုကို အခိုင်အမာရရှိထားရုံသာမကပဲ အများက လေးစားအချစ်ပိုရတဲ့ သူတစ်​ယောက်လည်း ဖြစ်ပါတယ်။ သူမက လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ရပ်နားထားပြီး ပရဟိတလုပ်ငန်းတွေကိုသာ ဦးစီးလုပ်ကိုင်နေတာဖြစ်ပါတယ်။ 

Photo credit - KHINE HNIN WAI's FB page
Photo credit - KHINE HNIN WAI's FB page
Photo credit - KHINE HNIN WAI's FB page
Photo credit - KHINE HNIN WAI's FB page

ခိုင်နှင်းဝေက " ခိုင် " ပရဟိတ မိဘမဲ့ဂေဟာကို ဖွင့်လှစ်ထားတာဖြစ်ပြီး ကူကယ်ရာမဲ့ဖြစ်နေတဲ့ ကလေးတွေကို ခေါ်ယူ မွေးစားထားတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် လိုအပ်တဲ့ နေရာတွေမှာလည်း ငွေကြေးအင်အားနဲ့ အလှူပြုလေ့ရှိတာဖြစ်ပြီး ယခုလို အခြေအနေမျိုးမှာ ပြည်သူတွေအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးနေတာကို တွေ့ရပါတယ်။ မကြာသေးတဲ့ နာရီပိုင်း အချိန်ပိုင်းကလည်း ခိုင်နှင်းဝေက သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကတဆင့် အလှူပြုနေတဲ့ ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။

Photo credit - KHINE HNIN WAI's FB page
Photo credit - KHINE HNIN WAI's FB page
Photo credit - KHINE HNIN WAI's FB page
Photo credit - KHINE HNIN WAI's FB page

ဒါကတော့ " ကောင်းရာ သုဂတိ လားပါစေ ရှင် ကျိုက်ထိုမှ မောင်ဇင်လင်းထက် မိသားစု အတွက် အလှူငွေ (၁၀) သိန်းကျပ် အား ဝမ်းနည်းစွာဖြင့် တတ်နိုင်သလောက် လှုဒါန်းခဲ့ပါတယ်....မိသားစု အားလုံးနဲ့ ထပ်တူ ပူဆွေးရပါတယ်...မိဘချင်း သားသမီးချင်း ကိုယ်ချင်းစာနာနိုင်ကြပြီး အခုလို အဖြစ်ဆိုးမျိုးတွေ ထပ် မကြုံရပါစေနဲ့တော့ ရှင် " ဆိုတဲ့ စာသားလေးနဲ့အတူ သွားရောက်အလှူပြုခဲ့တဲ့ ပုံရိပ်လေးတွေကို ဝေမျှလာခဲ့တာဖြစ်လို့ ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Photo credit - KHINE HNIN WAI's FB page
Photo credit - KHINE HNIN WAI's FB page
Photo credit - KHINE HNIN WAI's FB page
Photo credit - KHINE HNIN WAI's FB page
Photo credit - KHINE HNIN WAI's FB page
Photo credit - KHINE HNIN WAI's FB page

သတင်း အရင်းအမြစ်Source - KHINE HNIN WAI's FB page

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T