သင်္ဃန်းကျွန်းဘဝမြင့်မှာ ကျဆုံးသွားတဲ့သူရဲကောင်းလေးရဲ့အိမ်ကို အလှူငွေတွေသွားပေးရင်းနဲ့ သူ့ရဲ့ဇနီးသည်ကိုအားပေးစကားပြောခဲ့တဲ့ အိုင်ရင်းဇင်မာမြင့်

//s9.kh1.co/ff/ff710cf368c00eba903dafedcc75d81148e24318.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

သင်္ဃန်းကျွန်းဘဝမြင့်မှာ ကျဆုံးသွားတဲ့သူရဲကောင်းလေးရဲ့အိမ်ကို အလှူငွေတွေသွားပေးရင်းနဲ့ သူ့ရဲ့ဇနီးသည်ကိုအားပေးစကားပြောခဲ့တဲ့ အိုင်ရင်းဇင်မာမြင့်

ဂီတလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်အောင်မြင်နေတဲ့ အဆိုတော် အိုင်ရင်းဇင်မာမြင့်ကတော့ စိတ်ရင်းစေတနာကောင်းပြီး အလှူအတန်း ရက်ရောသူတစ်ယောက်လည်း ဖြစ်ပါတယ် ။ ဒါကြောင့် အိုင်ရင်းဇင်မာမြင့်က အခုလတ်တလောမှာ လူထုလှုပ်ရှားမှုပြုလုပ်ရင်း ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းလေးတွေအတွက် ကူညီပေးနေတာ ဖြစ်ပါတယ် ။ အိုင်ရင်းဇင်မာမြင့်က သူမကိုယ်တိုင် အလှူငွေတွေထည့်ဝင်လှူဒါန်းသလို တစ်ခြားသူတွေလည်း ကူညီလို့ရအောင်ပါ စီစဥ်ပေးနေတာ ဖြစ်ပါတယ် ။

Photo Credit -Irene Zin Mar Myint's FB Page
Photo Credit -Irene Zin Mar Myint's FB Page
Photo Credit -Irene Zin Mar Myint's FB Page
Photo Credit -Irene Zin Mar Myint's FB Page

ပြီးခဲ့တဲ့ရက်ကလည်း အိုင်ရင်းဇင်မာမြင့်က လှည်းတန်းမှာ အသက်ပေးခဲ့ရတဲ့ သူရဲကောင်းလေးညီညီရဲ့မိသားစုဝင်တွေနဲ့ တွေ့ဆုံပြီး နှစ်သိမ့်ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒီနေ့မှာဆိုရင်တော့ အိုင်ရင်းဇင်မာမြင့်နဲ့ သူငယ်ချင်းတွေက အသက် (၂၃)နှစ်အရွယ်လေးနဲ့ ကွယ်လွန်သွားခဲ့တဲ့ သူရဲကောင်းလေးတစ်ယောက်ရဲ့အိမ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ် ။ အိုင်ရင်းတို့အဖွဲ့က သူရဲကောင်းဟိန်းထွဋ်အောင်ရဲ့ဇနီးသည်ကို အလှူငွေတွေပေးရင်း အားပေးစကားတွေပါ ပြောပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Photo Credit -Irene Zin Mar Myint's FB Page
Photo Credit -Irene Zin Mar Myint's FB Page
Photo Credit -Irene Zin Mar Myint's FB Page
Photo Credit -Irene Zin Mar Myint's FB Page
Photo Credit -Irene Zin Mar Myint's FB Page
Photo Credit -Irene Zin Mar Myint's FB Page

အိုင်ရင်းက "သင်္ဃန်းကျွန်းဘဝမြင့်မှာ ကျသွားတဲ့ မောင်လေးဟိန်းထွဋ်အောင် အိမ်ရောက်ရှိ အသက်-၂၃" ဆိုပြီး သူမတို့အဖွဲ့ရဲ့လှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် Live လွှင့်ပေးခဲ့တာ ဖြစ်ပါတယ် ။ အိုင်ရင်းကတော့ ကျန်ရစ်သူ မိသားစုတွေရဲ့ရင်တွင်းစကားလေးတွေကို သေသေချာချာ နားထောင်ပြီး အားပေးနေတာ ဖြစ်ပါတယ် ။ အနုပညာရှင်တွေတော်တော်များများကလည်း အခုချိန်မှာ သူတို့တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေကို ဖေးမကူညီပေးနေတာပဲ ဖြစ်ပါတယ်နော်။ ကဲ သူရဲကောင်းဟိန်းထွဋ်အောင်ရဲ့ဇနီးသည်နဲ့ တွေ့ဆုံခဲ့တဲ့ အိုင်ရင်းဇင်မာမြင့်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit -Irene Zin Mar Myint's FB Page

Photo Credit -Irene Zin Mar Myint's FB Page
Photo Credit -Irene Zin Mar Myint's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T