ပြည်သူပရိသတ်တွေနဲ့အတူ ရဲရင့်စွာပူးပေါင်း ရပ်တည်ပေးကာ ခွန်အားရှိသမျှ ပါဝင်လှုပ်ရှားနေတဲ့ G Fatt

//s9.kh1.co/98/98a21b3b729a9a3028110f3cfdf98929a83d9957.jpg
အနုပညာရှင်များ

 ၀၃-မတ်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့အချစ်တော် တစ်ဦးဖြစ်တဲ့ အဆိုတော် G Fatt ကတော့ လူငယ်တွေကြားမှာ သူရဲ့သီချင်းတွေဟာ ရေပန်းစားအောင်မြင်နေကာ ကိုယ်တိုင်လည်း ဖန်တီးရေးသားသီဆိုတာလည်း တွေ့ရပါတယ်နော်......။G Fatt ဟာ လတ်တလောမှာဆိုရင်တော့ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ပြည်သူပရိသတ်တွေနဲ့အတူ အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ပါဝင်ကာ အနာဂတ်အတွက် တရားမျှတမှုကို ငြိမ်းချမ်းစွာ ဖော်ထုတ်နေတာ ပဲဖြစ်ပါတယ်။

Photo Credit -G Fatt Fb Account
Photo Credit -G Fatt Fb Account
Photo Credit -G Fatt Fb Account
Photo Credit -G Fatt Fb Account

ဖေဖော်ဝါရီ (၁)ရက်နေ့ကတည်းကနေ အခုချိန်အထိ ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်ကာ လမ်းမပေါ်ကို အားကြိုးမာန်တတ် နေ့တိုင်းထွက်ကာ ကိုယ်တိုင်လှုပ်ရှား ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ဒါ့အပြင် မုန့်ဝေ၊ရေသန့်ဗူးဝေ၊အမိှုက်ကောက်ကာ သူတတ်နိုင်တဲ့ဘက်ကနေလည်း အားဖြည့်နေတာ လည်းဖြစ်ပါတယ်။နေ့ဘက်တွင် ပူးပေါင်းပါဝင်သလို ညဘက်တွင်လည်း လမ်းထဲတွင် လုံခြုံစေရန် အတွက် ကင်းစောင့်ကာ တာဝန်ကျေပွန်နေတာ ဖြစ်ပါတယ်။သူရဲ့လုပ်ရပ်တွေကြောင့် ပရိသတ်တွေကလည်း အားပေးရကျိုးနပ်လို့ ကျေနပ်နေကြတာပဲ ဖြစ်ပါတယ်နော်....။

Photo Credit -G Fatt Fb Account
Photo Credit -G Fatt Fb Account
Photo Credit -G Fatt Fb Account
Photo Credit -G Fatt Fb Account

မကြာသေးခင် အချိန်မှာတော့ သူရဲ့လူမှုကွန်ယက်စာမျက်နှာထက်တွင် "ငါတို့မှာ ငါတို့ပဲရှိတယ်"ဆိုတဲ့ စာသားလေးကို ရေးသားကာ သင်္ဃန်းကျွန်းက Gen Z တွေနဲ့အတူ အားတတ်သရောပါဝင်လှုပ်ရှားနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလာတာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း G Fatt ကိုထပ်ပြီးချစ်ခင်အားပေးနိုင်ဖို့အတွက် ပြန်လည်ကူးယူ ဝေမျှပေးရင်း ဖတ်ရှု့အားပေးကြတဲ့ ပြည်သူတွေလည်း ဘေးအန္တရယ်ကင်းရှင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်......???

Photo Credit -G Fatt Fb Account
Photo Credit -G Fatt Fb Account
Photo Credit -G Fatt Fb Account
Photo Credit -G Fatt Fb Account

သတင်း အရင်းအမြစ်G fatt FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T